Unicode
ကားပေါ်ရောက်တဲ့ထိ ကို့ကို့မျက်နှာကဆူပုတ်ပုတ်
မျက်ခုံးနှစ်ခုကိုကျုံ့ထားပြီးမှုန်ကုပ်ကုပ်ဖြစ်နေတဲ့ ဂျောင်ဂုရုပ်ကိုထယ်ယောင်းရီချင်တာတအား ဒါပေမယ့်မရီရဲပါလေ တော်ကြာတစ်နေကုန်ဒီလိုရုပ်ကြီးဖြစ်နေမှခက်ရချည်ရဲ့
သူသိသားပဲ ညကျသူ့ကိုအချိန်မပေးမှာဆိုးလို့ဖြစ်နေတဲ့ရုပ်ကြီး အမယ်လေးဗျာ မကြီးမငယ်ရည်းစားကြီးကိုချော့ရအုန်းမှာပေါ့
“ကိုကို..”
“….”
“ကိုကိုလို့…”
သူ့ကိုမချော့တတ်ချော့တတ်နဲ့လိုက်ချော့နေတဲ့ ဘေဘီ့ကြောင့်အူတွေတယားယား ဒါပေမယ့်မျက်နှာပိုးကိုတော်တော်သတ်ထားရတာလွယ်ကူမနေဘူး
ထယ်ယောင်းကနှုတ်ခမ်းလေးတဆူဆူနဲ့ ရသမျှ aegyoတွေသုံးပြီး ဂျောင်ဂုကိုတိုက်ခိုက်တော့သည်
“ကိုကိုက အာ့လိုကြီးနေနေတော့ဘေဘီကဘယ်လိုနေရတော့မှာလဲဗျာ”
“……”
“အော် အင်းပေါ့လေ ချစ်ရသူကြီးကရက်စက်နိုင်တယ်ဆိုမှတော့လဲ ကင်ထယ်ယောင်းတို့ဘဝလေးကသနား….အု”
စကားတွေအရမ်းများနေတဲ့အကောင်ပေါက်ကို ပါးစပ်ပိတ်ပေးလိုက်တယ်သူ့နှုတ်ခမ်းနဲ့
ထိတွေ့လာတဲ့နှုတ်ခမ်းတစ်စုံကြောင့် ထယ်ယောင်းကြက်သီးတွေပင်ထသွားသည်နီးကပ်စွာတွေ့မြင်နေရတဲ့ ကိုကို့ရဲ့မျက်နှာချောချောဟာသူ့ရင်ထဲကို ရထားအစင်းတစ်ရာလောက်ခုတ်မောင်းနေသလိုဗျောင်းဆန်စေသည်
သူနမ်းတာကိုမျက်လုံးပြူးပြူးလေးနဲ့ကြောင်တောင်တောင်ဖြစ်နေတဲ့ ထယ်ယောင်းကြောင့်နမ်းနေရင်းနဲ့ပြုံးမိပါသေးသည် ဒီကောင်ငယ်လေးဟာသူ့ကိုအာ့လောက်ထိပင်ပြုစားနိုင်သည်
ထယ်ယောင်းရဲ့နှုတ်ခမ်းတစ်စုံဟာ ဂျယ်လီတုံးလေးလိုနူးညံ့ပြီး ခပ်သင်းသင်းရတဲ့စတော်ဘယ်ရီ lip balm ရနံ့လေးနဲ့
*ဟက် ပဲကလည်းများသေးကွာငါ့ချစ်သူလေးက*ဂျောင်ဂုရဲ့ကျွမ်းကျင်လွန်းတဲ့ အနမ်းပင်လယ်ထဲမှာထယ်ယောင်းတစ်ယောက်ကြိုးစားပမ်းစားလက်ပစ်ကူးနေရသည်
YOU ARE READING
MY BABY SECRETARY 🍪🍦[COMPLETED]
Fanficငါ့ဘဝထဲကို ဗရုတ်သုတ်ခနဲ့ရောက်ချလာပြီး ငါပါဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီ မင်းလုပ်တာကောင်းသေးရဲ့လား အကောင်ပေါက်ရဲ့ ဟမ်