Unicode
အခန်းထဲတွင်စိမ်းသက်သက်အငွေ့အသက်များဖြင့်ပြည့်နှက်နေသည် တစ်ခန်းလုံးလဲတိတ်ဆိတ်ကာ မည်သူတစ်ဦးတစ်ယောက်ဆီကမှ စကားသံဟာထွက်မလာခဲ့
ဂျောင်ဂုဟာ ချစ်ရသူရဲ့အေးစက်နေတဲ့လက်လေးတစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီးအရာရာကိုရင်ဆိုင်တော့မည်ဟန်
ထယ်ယောင်းဟာအပြစ်သားတစ်ယောက်လို ကိုကို့ရဲ့အဖေရှေ့မှာခေါင်းငုံ့ထားမိသည် အမှန်တော့ကြောက်နေတာဆိုပိုမှန်မယ် အရင်စိတ်နဲ့သာဆိုသူဒီအခန်းထဲကထွက်ပြေးပြီးလောက်ပြီ ဒါပေမယ့်သူဖတ်ခဲ့ဖူးတဲ့စာအုပ်ထဲကလို အချစ်အတွက်ဆိုရင် မီးပင်လယ်ကိုပဲဖြတ်ရဖြတ်ရ ဓားတောင်ကိုပဲကျော်ရကျော်ရ ဆိုတဲ့စာရေးဆရာတစ်ယောက်ရဲ့အရေးအသားကို သူအာ့တုန်းကအယုံအကြည်မရှိခဲ့ပါ ခုချိန်မှာတော့သူလက်ခံခဲ့ပြီ အချစ်ကအရာရာကိုပြောင်းလဲစေနိုင်တယ် အရမ်းကြောက်တတ်တဲ့သူ့ကိုသတ္တိတွေ ခွန်အားတွေပေးစွမ်းနိုင်သည်ထိပေါ့
တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သည်က ဂျောင်ဂု
“ဒယ်ဒီ ကျွန်တော်နဲ့စကားနည်းနည်း..”
ဆက်ပြောလာမယ့်စကားတွေကို မစ္စတာဂျွန်တစ်ယောက်လက်ကာပြရင်း
“ဒယ်ဒီ ဒီကလေးနဲ့စကားပြောချင်လို့အပြင်မှာစောင့်နေ”
ဂျောင်ဂုလက်မခံနိုင် ဘေဘီကသူဘေးမှာရှိနေတာတောင် ဒီလောက်ကြောက်နေတာသူထွက်သွားရင်ပိုဆိုးမှာပေါ့ ဒယ်ဒီနဲ့နှစ်ယောက်တည်း
“ကျွန်တော်လဲ နားထောင်မယ်”
ခေါင်းမာတဲ့သူ့သားဟာအရင်လိုပဲသူဖြစ်ချင်တာကိုပဲ မကြောက်မလှန့်ပြောတုန်း
“မင်းလုပ်ချင်ရာလုပ်ခဲ့ပြီးပြီမလား ဒီတစ်ခေါက်တော့ဒယ်ဒီပြောတာကိုမင်းမှာငြင်းပိုင်ခွင့်မရှိဘူး အခုထွက်”
ဒေါသထွက်ခဲတဲ့ ဒယ်ဒီဟာအခုမျက်နှာအနေအထားက ဒေါသထွက်နေတာလား ထိန်းချုပ်ထားတာလား ဂျောင်ဂုကိုယ်တိုင်ပင်မခန့်မှန်းတတ်
ချစ်ရသူရဲ့မျက်နှာကိုကြည့်မိတော့ သူတကယ်စိတ်မကောင်း မျက်နှာလေးကဇီးရွက်လောက်ပဲရှိတော့တယ် အာ့အရွက်ကတောင်ပိုကြီးချင်ကြီးနေအုန်းမှာ ကျွန်တော့်ဘေဘီမျက်နှာကတကယ့်ကိုပိစိလေးပဲရှိတော့တယ်
YOU ARE READING
MY BABY SECRETARY 🍪🍦[COMPLETED]
Fanfictionငါ့ဘဝထဲကို ဗရုတ်သုတ်ခနဲ့ရောက်ချလာပြီး ငါပါဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီ မင်းလုပ်တာကောင်းသေးရဲ့လား အကောင်ပေါက်ရဲ့ ဟမ်