Unicode
"အကိုကြီး သွားကြမယ်လေ"
မနက်ရောက်တော့ သူ့ညီကထုံးစံအတိုင်းအလုပ်သွားဖို့လာခေါ်တယ်
"ဒီနေ့ကစပြီး မင်းပဲဦးလေးရှင်းနဲ့သွားလိုက်"
"ဟမ် ဒါဆိုအကိုကြီးကရော"
"ငါ့ဘာသာတစ်ယောက်တည်းသွားမယ်"
"ကားကရော"
"ဂိုဒေါင်ထဲမှာ တစ်စီးဝယ်ထားတယ်လေ ကန်းနေလို့မမြင်တာလား"
*တစ်သက်လုံးကပ်စေးနှဲပြီးကားတစ်စီးထဲကို ညီအကိုနှစ်ယောက်စီးလာတာ ခုမှဘာစိတ်ကူးတွေထပေါက်နေလဲမသိဘူး လိုက်လဲမမှီတော့ပါဘူး*
"ဟုတ်ဟုတ် အာ့ဆိုကျွန်တော်သွားနှင့်မယ်နော်"
ချွဲရှင်ဘုံးအခန်းထဲကထွက်မယ်လုပ်တော့ ဂျောင်ဂုက ကပြာကလျာနဲ့
"ဟေ့ကောင် နေအုန်း"
"ဗျာ"
"ဟို ဒီနေ့ငါအတွင်းရေးမှုးကင်နဲ့သွားစရာရှိတယ်"
"ဘယ်ကိုလဲ ကိုကြီး"
ဟာ ဒီကောင်ငါ့အဖေကြနေတာပဲ အမေးအမြန်းကလဲထူလိုက်တာ
"အလုပ်ကိစ္စကွာ"
"ကျွန်တော်သိသလောက် အပြင်မှာအလုပ်ကိစ္စမရှိပါဘူး"
"ဟေ့ကောင် မင်းကအတွင်းရေးမှုးလား သူကအတွင်းရေးမှုးလား ငါ့အတွင်းရေးမှုကရှိတယ်ဆိုရှိတယ်ပေါ့ လျှာကိုရှည်တယ် ဒီနေ့ငါတို့နေ့တစ်ဝက်နားမယ်ဒါပဲ"
"ဟုတ်ကဲ့"
ဆူပုတ်ပုတ်နဲ့အောက်ထပ်ကိုဆင်းသွားတဲ့ ဂျပေါင်ကန်
သူသိသားပဲ အာ့ကောင်အလုပ်တွေပိတော့မှာမို့ဆူပုတ်နေတာ ဘယ်လိုငပျင်းမှန်းကိုမသိတာ အလုပ်ကြတော့လဲသူ့အမေက သူ့ဆီတန်းသွင်းပေးထားတာကိုအရန်သင့်လေးလာလုပ်တာ
ဝါးပြီးခွံ့ကျွေးထားတာတောင်မှ မျိုဖို့ပျင်းနေတာဒီလိုကောင်မျိုး"ဟဲ့သား ဘာလုပ်နေတာလဲမသွားသေးဘူးလား မင်းအာပါးတောင်သွားပြီ"
အလုပ်မသွားသေးဘဲ အိတ်ကြီးကိုပိုက်ပြီးဧည့်ခန်းထဲမှာထိုင်နေတဲ့သူ့သားကို ကင်မီယောင်းမေးလိုက်ခြင်းဖြစ်သည်
![](https://img.wattpad.com/cover/284002836-288-k474341.jpg)
YOU ARE READING
MY BABY SECRETARY 🍪🍦[COMPLETED]
Fanfictionငါ့ဘဝထဲကို ဗရုတ်သုတ်ခနဲ့ရောက်ချလာပြီး ငါပါဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီ မင်းလုပ်တာကောင်းသေးရဲ့လား အကောင်ပေါက်ရဲ့ ဟမ်