Unicode
သူဌေးကသူ့ကိုဟိုတစ်ခေါက်က စတော်ဘယ်ရီစိုက်ခင်းရှိတဲ့ဆိုဒ်ကိုခေါ်လာသည်
အလုပ်သမားတွေများတစ်ခုခုအန္တရာယ်ဖြစ်လို့များလား ပစ္စည်းတွေပဲထိခိုက်တာတွေရှိနေလို့လား သူကသာသို့လောသို့လောနဲ့စဉ်းစားနေပေမယ့် ဘေးနားကသူဌေးရဲ့မျက်နှာကတော့ပုံမှန်ပဲ"ရောက်ပြီ"
ထယ်ယောင်းလဲခါးပတ်ကိုဖြုတ်ပြီးအောက်သို့ဆင်းကာသူဌေးရဲ့အိတ်ကိုကိုင်ပေးဖို့လုပ်တော့
*ဟမ် အိတ်လဲမပါပါလား အလောတကြီးထွက်လာရလို့များလား*"သူဌေး အိတ်မပါလာဘူးလား"
"မေ့ခဲ့တာ လာ စတော်ဘယ်ရီခင်းထဲသွားမယ်"
ပြောတော့အလုပ်ကိစ္စပေါ်လို့ဆို ငါ့ကိုစတော်ဘယ်ရီသီးတွေခူးခိုင်းဖို့နေ့စားလာငှားတာများလား
"ဒီမှာထိုင်နေ"
"ဟုတ်"
သူကကိုယ့်သူဌေးဆိုတော့လဲ ဘာအထွန့်မှမတတ်ရဲပါလေ ထိုင်ဆိုထိုင်နေယုံပေါ့ ကိုယ်တောင်သက်သာသေး အဟေး
"ရော့ မင်းအတွက်"
သူဌေးကသူ့ကိုစတော်ဘယ်ရီတွေအပြည့်ထည့်ထားတဲ့ခြင်းကြားလေးထိုးပေးလာသည် ကြည့်ရတာရေတွေလဲဆေးထားတဲ့ပုံပဲ အသီးလေးတွေမှာရေစက်တွေကတွဲခိုနေလျက်
"သူဌေး ဒါက??"
"မင်းစားဖို့ပေါ့"
"ဟို အလုပ်ကရော"
သူ့အားမေးခွန်းတွေချည်းထုတ်နေသည့်ချစ်ရသူ....
တိုက်ခတ်လာတဲ့လေပြေတွေကြား ဖရိုဖရဲဝှေ့ယမ်းနေတဲ့ထယ်ယောင်းရဲ့ဆံနွယ်ကောက်ကောက်လေးတွေဟာ အထိန်းအကွပ်မဲ့စွာလှုပ်ရှားနေလျှက်
ပကတိဖြူစင်တဲ့မျက်နှာလေးဟာ အပူရှိန်ကြောင့်နီစွေးစွေး
သူ့အားစိုက်စိုက်ကြည့်တတ်တဲ့မျက်ဝန်းညိုလေးနဲ့ဒီလူသားကိုသူဘယ်လိုများမချစ်ပဲနေနိုင်ပါ့မလဲဂျောင်ဂုကသူ့ရဲ့အင်္ကျီအိတ်ကပ်ထဲက ခေါင်းစည်းကြိုးလေးတစ်ကွင်းကိုထုတ်ပြီး သူမြတ်နိုးရတဲ့မျက်ဝန်းညိုတွေရှေ့မှာယှက်သွယ်နေတဲ့ဆံနွယ်တစ်ချို့ကို စုစည်းပေးလိုက်သည်
YOU ARE READING
MY BABY SECRETARY 🍪🍦[COMPLETED]
Fanfictionငါ့ဘဝထဲကို ဗရုတ်သုတ်ခနဲ့ရောက်ချလာပြီး ငါပါဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီ မင်းလုပ်တာကောင်းသေးရဲ့လား အကောင်ပေါက်ရဲ့ ဟမ်