အငယ်အနှောင်း

33 3 0
                                    

မောင်...
သိပ်မြတ်နိုးရပါသော
ကြင်နာရပါသော..
အချစ်ဦးဖြစ်ခဲ့သလို..
အချစ်ဆုံးလဲဖြစ်ခဲ့သော..
ဦးခေတ်သူရ တစ်ဖြစ်လဲ မောင် သည် လုပ်ငန်းရေးရာတွင် ထက်မြတ်ပြတ်သားလွန်းသော်လည်း လွင်ပြင် ဆိုသော ကျတော်နှင့် ပတ်သက်လာလျှင်ဖြင့်
တွေဝေသည်..
စဥ်းစားလွန်းသည်...
အကြိမ်ပေါင်းများစွာ မရေမရာဖြစ်ခဲ့သည်

မောင် ကျတော့်ကို မချစ်ဟု မဆိုလိုပါ
မောင် ကျတော့်ကို အလွန်ချစ်မြတ်နိုးသည်က အမူအရာတစ်ဆင့် နှလုံးမှတစ်ဖန် ခံစားနိုင်သည် သို့သော်
မောင့်အကြောင်းပြောရပါလျှင် သို့သော် များစွာရှိသည်
မောင့်အား ကျတော် များစွာ နားလည်ပေးရပါသည်
မောင့်နဲ့ အချိန်တော်ကြာ အတူရှိနိုင်ရန်
သို့သော် များစွာအား သည်းခံနားလည်ပေးရပါသည်
ကျတော်သည် မိန်းမတစ်ဦး မဟုတ်သည့်အတွက် မောင် ငြိုငြင်မည်ကို သေမလောက်ကြောက်သည်
မောင်ထားခဲ့မည်ကို အလွန် စိုးရိမ်ခဲ့သည်
သို့သော်..
မောင်က ထိုအချက်များနှင့် ပတ်သက်ပြီး ဘယ်သောအခါမှ မငြိုငြင်ခဲ့ဘူးသောကြောင့် မောင့်ကို အချစ်ပိုရပါသည်

သူအချစ်ပိုရပါသော မောင်သည် ကျတော့်အား
မသိလိုက်ခင်မှာပင် အိမ်ထောင်ရေးဖြိုခွဲသူ ဗီလိန်နေရာအား ရောက်စေခဲ့သည်
ပတ်ဝန်းကျင်ကပြောသော အငယ်အနှောင်း ဆိုသည့် ဘွဲ့ထူးကို ရစေခဲ့သည်
သူများ တံတွေးခွက်တွင် ပက်လက်မျောစေခဲ့သည်
မောင့်ရဲ့ အလုပ်သမား အဖြစ် မိတ်ဆက်ခံရသည့် ထိုနေ့သည်
ကျတော့်အတွက် ကြေကွဲစရာ အကောင်းဆုံးနေ့ပင်
မောင်သည် သူ့ရဲ့ တရားဝင်အမျိုးသမီးရှေ့တွင် သူ့အား အလုပ်သမားဟု မိတ်ဆက်ပေးခြင်း မပြုသော်ငြား အခြေအနေတွေက သူ့အား အလုပ်သမား အသစ်တစ်ယောက် ဖြစ်သွားစေခဲ့သည်
ထိုအချိန်က မောင့်ကို ရှင်းပြစေချင်ခဲ့သည်
ဒါ ကျတော် လက်ထပ်ထားတဲ့ ကျတော့် ယောက်ျားပါ ဆိုပြီး မိတ်ဆက်ပေးစေချင်ခဲ့သည်
သို့သော် မျှော်လင့်ချက်အားလုံးအား မောင်က လျစ်လျူရှုပစ်ခဲ့သည်
မောင်ရက်စက်ပါသည် ကျတော့်အပေါ်တွင် မောင်ရက်စက်လွန်းခဲ့သည်

ကျတော့် ဘဝသည်လဲ ထိုနေ့မှစပြီး....

အငယ်အနှောင်းWhere stories live. Discover now