Episode - 4

14 2 0
                                    

ကျတော်လွမ်းပါသည်....
ကိစ္စအနည်းငယ်ပြီးသွားကတည်းက မောင်အလုပ်ရှုပ်နေခဲ့သည် အနားကိုလဲ ရောက်မလာသလို အိမ်မှာလဲ မမြင်ရ မောင် အဆင်ပြေရဲ့လားလေ

ညသာရောက်လာသည် အိပ်ချင်စိတ်တို့ကတော့ ရောက်မလာခဲ့ နီးလျက်နဲ့ ဝေးနေကြသည့် ကျတော်တို့နှစ်ဦးအကြောင်းကို ကောင်းကင်နက်ကြီးပေါ်မှာ တလက်လက်လင်းကာ တောက်ပနေတဲ့ ကြယ်လေးတွေကို ကြည့်ကာ ပြောပြပါအုံးမည်.. ကျတော်က ပိုင်ရှင်ရှိပါသော လက်ဝယ်ရရှိထားသော်လဲ မပိုင်ဆိုင်ဝံ့ပါသော ချစ်သူအား မည်မျှလွမ်းနေကြောင်းပေါ့

ခြံဝန်းအကျယ်ကြီးထဲက ခုံတန်းလျားပေါ် မထိုင်ပဲ မြက်ခင်းပြင်ပေါ် ထိုင်ကာ ကောင်းကင်လှလှအား မော့ကြည့်နေမိသည်မှာ..
မြက်ခင်းစိမ်းပေါ် ဖိနပ်မပါပဲ လမ်းလျှောက်ခြင်း ထိုင်ခြင်းသည် စိတ်အစဥ်အား သက်တောင့်သက်သာဖြစ်စေသည်ဟူသော ဖတ်ခဲ့ဖူးသည့် တစ်စွန်းတစ်စ ဗဟုသုတကြောင့် ဖြစ်ပေလိမ့်မည်

ကြယ်တွေကြည့်တိုင်း အဘယ့်ကြောင့် စိတ်ကြည်နူးရသနည်း
ထိုမေးခွန်းအား ငယ်ရွယ်စဥ်က ကျတော် အချိန်အတော်ကြာတွေးယူခဲ့ရသည်
နောက်ဆုံးတော့ ကျေနပ်လောက်သော အဖြေတစ်ခုရခဲ့လေသည်

ကြယ်တွေဖြစ်နေလို့ကို ကြည့်လိုက်တဲ့အချိန်တိုင်း ပျော်ရွှင်ကြည်နူးနေရတာပါတဲ့
တစ်ချိန်က ဘာကိုမှစွဲလန်းခြင်းမရှိခဲ့တဲ့ အချိန်ကအတွေးလေးက အခုအခြေအနေနဲ့ တိုက်ဆိုင်လာလိမ့်မယ်လို့ ဘယ်တွေးမိခဲ့မလဲ

အထူးသဖြင့် မောင်က ကောင်းကင်ပေါ်က ကျတော်ကြည့်တိုင်း ကြည်နူးပျော်ရွှင်စေတဲ့ ကြယ်လေးဖြစ်လာမယ်ဆိုတာကိုပေါ့
မျက်နှာလေး ငါးရက်တစ်ပတ်လောက်ပဲ မတွေးရတာကို သွေးပျက်နေတဲ့ ကျတော်က အကယ်လို့ မောင့်ကို လက်လွှတ်ရတဲ့အခါ...
အင်း.... မောင်ရေ.......
ဘဝကြီးကလွယ်ကူမနေဘူး
ကျတော့်ကိုပဲရွေးချယ်ပါလားလို့လဲ မပြောဝံ့ပါဘူးလေ
မောင့်သဘောကျ မောင့်အလိုအတိုင်းပဲ
ကျတော်ကျေနပ်ပါတယ်

"လမင်းကြီးမရှိတာတောင် ကြယ်တွေကလှနေတုန်းနော်"

သူ့နည်းတူ ကောင်းကင်ကြီးကိုကြည့်ရင်း စကားဆိုလာတဲ့ မမလေးက သူ့ဘေးနားဝင်ထိုင်လာတော့ သူ့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ

အငယ်အနှောင်းWhere stories live. Discover now