"မဖြစ်သင့်တာပေါ့ ဖြစ်ကိုဖြစ်မလာသင့်တာ"
ဘာအတွက်လဲ လွင်ပြင် တခြားသူတွေ ကြိုက်သလိုပြောခွင့်ရှိတယ် ဒါပေမဲ့ မင်းနဲ့မောင်နဲ့ကတော့
ဟင့်အင်း အဲ့လိုပြောလို့မရဘူးလေ ဘာလို့ဆို မောင်တို့နှစ်ယောက်လုံးက ဖြစ်နိုင်ချေကိုတွက်ချက်ပြီး ချစ်ခဲ့ကြတာမှ မဟုတ်တာ"လွင်ပြင် မင်းဘာတွေပြောနေတာလဲ"
"လက်လျှော့လိုက်ပါတော့.... မဖြစ်နိုင်တာကြီးကို ဆက်ပြီးမကြိုးစားနဲ့တော့လို့
ခင်ဗျားပြန်တော့"မျက်နှာချင်းဆိုင်မှ ထထွက်သွားဖို့ ပြင်နေတဲ့သူဟာ ခွင့်ပြုချက်ရရဲ့လား သေချာပေါက် လျစ်လျူရှုချင်နေတာပါ
သက်ဆိုင်သူရဲ့ ခွင့်ပြုချက်ကိုပေါ့"မောင် မင်းကိုဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး လုံးဝပဲ လွင်ပြင် မောင် မင်းဆီ သေချာပေါက်ပြန်လာခဲ့မှာ"
တိတိကျကျစကားသံတို့သည် ရင်ထဲသိမ့်ခနဲ့
ကျတော်တကယ်ပဲ မောင့်ကြောင့် ကြည်နူးရပါတယ်
ဒါပေမဲ့မောင်ရယ်
မျည်ရည်တွေက ကျနေသေးတယ် မောင်ရဲ့
သည်တစ်ခါကျတဲ့ မျက်ရည်တွေက ရှုပ်ထွေးလွန်းတယ် ပင်ပန်းကြီးစွာ ကျလာတဲ့ မျက်ရည်တွေပဲ ကျတော် အရမ်းပင်ပန်းလွန်းနေပြီမို့ လောဘကြီးစွာနဲ့ မောင့်ရင်ခွင်မှာ အနားယူချင်မိတော့တယ်ကွယ်လက်လျှော့လိုက်ရမယ်
မဖြစ်သင့်တဲ့အရာမို့တဲ့ မောင်မှဂရုမစိုက်တာ တစ်လောကလုံးက လက်ညှိုးငေါက်ငေါက်ထိုးပြီး မဖြစ်သင့်တဲ့အရာပါ လက်လျှော့လိုက်တော့လို့ ပြောကြပါစေအုံး မောင် လုံးဝဂရုမစိုက်ဘူး
မောင်သူတို့ကို သနားတယ် မောင့်အတွက် သူတို့ကမြူတစ်မှုန်တောင် အရေးပါမနေခဲ့လို့လက်လျှော့ပစ်လိုက်ဖို့ဆိုတာက မဟုတ်သေးဘူး လွင်ပြင်
မောင်တို့ နှစ်ယောက်စလုံး ဒီလမ်းကို တစ်ကြိမ် ရွေးချယ်ခဲ့ပြီးပြီမလား ဘာကိုကြောက်နေလဲ ဘာအတွက်စိုးရိမ်နေလဲ မင်းနဲ့အတူ ခေတ်သူရဆိုတဲ့ မောင်က သံသရာတစ်လျှောက်လုံး အမြဲရှိနေမှာပါကွ
ဘာကိုမှစိုးရိမ်စရာမလိုပါဘူး မောင့်ကိုပဲ ကြည့်နေပေးရင် ရပြီ
YOU ARE READING
အငယ်အနှောင်း
Short Storyမောင့်ရဲ့တွေဝေမှုတွေက ကျတော့်ကိုထိခိုက်နာကျင်စေတာ နည်းနည်းလေးမှ မသိခဲ့ဘူးလား မောင်ရယ်... မောင့်ရဲ့အချစ်ကိုယုံကြည်ပြီး မောင် ပြတ်သားစွာ ဆုံးဖြတ်မဲ့နေ့ကို စောင့်နေမယ်နော်