"လွင်ပြင်... "
"ပြောလေ မောင်"
"ကိုယ်တို့လက်ထပ်ရအောင်လေ"
ရင်ထဲကြည်နူးရိပ်လေးများ ဖြစ်ထွန်းသွားသော်လည်း
"မစောလွန်းဘူးလား မောင်ရယ်"
"လွင်ပြင်ကလည်းကွာ မောင်တို့ ချစ်ခဲ့ကြတာပဲ ဘယ်နှစ်နှစ်ရှိနေပြီလဲ ဘာလဲ လွင်ပြင်က မောင့်ကို အပျော်ကြံတာလား ပြော"
ကလေးဆိုးကြီးပမာ ဂျီကျနေသော မောင်ပေတည်း...
"မဟုတ်တာ မောင်ရယ် ကျတော့်ဘဝမှာ မောင့်ကိုပဲ ချစ်ပြီး မောင့်တစ်ယောက်တည်းကိုပဲ တစ်ဘဝလုံးပုံအပ်ဖို့ စဥ်းစားထားတာပါနော်"
ထိုစဥ်က မောင့်စကားတို့သည် ကျတော့်အပေါ်တွင် နွေးထွေးလွန်းခဲ့သည် မောင့်ရဲ့မျက်ဝန်းတစ်စုံက သူ့အပေါ် ယုံကြည်လိုက်ပါဟု ပြောနေသယောင်...
ကျတော်တွေးခဲ့မိသည် မောင်က ကျတော့်ကို လုံခြုံအေးချမ်းကာ သာယာလှပသော ဘဝလေးကို ပေးလိမ့်မည် နွေးထွေးလှသော အိမ်ထောင်ရေးတစ်ခုကို ဖန်ဆင်းပေးနိုင်လိမ့်မည်ဟု ကျတော်ယုံကြည်ခဲ့မိသည် ထိုအချိန်က မောင်ပြောခဲ့သော စကားတိုင်းသည် အားကိုးချင်စရာ ဘဝတစ်ခုလုံး ပုံအပ်လိုက်ချင်စရာ ကောင်းလောက်အောင်
မေတ္တာများပြည့်နေခဲ့သောကြောင့်ပင် အချိန်အကြာကြီး မစဥ်းစားမိပါပဲ ကျတော် လက်ခံလိုက်မိသည်
အခုတော့....
အရာအားလုံးက ကျတော်တွေးထားခဲ့သည်နှင့် ဆန့်ကျင်စွာ
ကျတော့်မျှော်လင့်ချက်တိုင်းသည် အရေးမပါစွာ စွန့်ပစ်ခံခဲ့ရလေသည်
မောင်နဲ့ကျတော်.. တရားရုံးမှာ နှစ်ဦးသဘောတူ လက်ထပ်ပြီးနောက် ညတွင်းချင်းပင် မောင်က သူ့အိမ်လိုက်နေရန် ပြောသောကြောင့် မောင်က သိပ်လောတာပဲ ဟု တွေးမိခဲ့သည်
သို့သော်... ကျတော် မတွေးခဲ့မိသည်က ထိုနေ့က မောင့်ရဲ့ တရားဝင်ဇနီး ခရီးကပြန်လာရန် တစ်ရက်အလိုမို့ မောင်စိတ်လောနေတာကိုပေါ့"အားလုံးပဲ မိတ်ဆက်ပေးရမယ်အုံးမယ် ဒါက လွင်ပြင်တဲ့ သူ"
"အလုပ်သမားအသစ်မို့လား ဦးမိုး သူ့ကို အလုပ်သမားတန်းလျားဘက် ခေါ်သွားလိုက်"
"နွယ်! "
မောင့်စကားမဆုံးခင် ဖြတ်ပြောလာသော မိန်းကလေးစကားအား မောင်ငြင်းစေချင်သည်
မဟုတ်ဘူးလို့ ကျတော်က ခင်ဗျားရဲ့ယောက်ျားပါလို့ ပြောလိုက်လေ မောင်ရဲ့..
မောင်သည်ထိတ်လန့်စွာ တိတ်ဆိတ်နေခဲ့သည်
လှေကားအထက်မှ ခပ်ချောချောနှင့် မျက်နှာထားတင်းတင်း အမျိုးသမီးအား ကြည့်ကာ ထိတ်လန့်နေခဲ့သည်
ဘာကြောင့်ပါလဲ....
ဘာကြောင့် မောင်က တိတ်ဆိတ်နေရပါသလဲ
အလုပ်သမားတန်းလျားထဲ ကျတော့် အဝတ်ထုပ်တွေ သယ်သွားသော အသားဖြူစွတ်စွတ် ဦးလေးကြီးအား မောင် ဘာကြောင့် မတားရပါသလဲ
ကျတော် မောင့်အား ရှင်းပြရန် ပြောမည်အလုပ်
"ကိုခေတ် နွယ်နဲ့စကားပြောရအောင်"
ဟု ပြတ်ပြတ်သားသား ပြောကာထွက်သွားသော မိန်းကလေးနောက် လိုက်သွားလေတာမို့ စကားလုံးတို့က လည်ချောင်းတွင် ပျောက်ရှကုန်သည်
ဆို့နင့်စွာ ခံစားလိုက်ရသော်ငြား
မနက်ဖြန်ဆိုရင် မောင်က သူ့ကို ပြန်လာခေါ်မှာပါလေ မောင် အဆင်မပြေသေးလို့ နေမှာပါ အားလုံး ရှင်းပြပြီးသွားရင်တော့ မောင်က ငါ့ကို လာခေါ်မှာပါ
YOU ARE READING
အငယ်အနှောင်း
Short Storyမောင့်ရဲ့တွေဝေမှုတွေက ကျတော့်ကိုထိခိုက်နာကျင်စေတာ နည်းနည်းလေးမှ မသိခဲ့ဘူးလား မောင်ရယ်... မောင့်ရဲ့အချစ်ကိုယုံကြည်ပြီး မောင် ပြတ်သားစွာ ဆုံးဖြတ်မဲ့နေ့ကို စောင့်နေမယ်နော်