အလုပ်တွေအားလုံးကို သမက်ဖြစ်သူကိုပဲ စိတ်ချလက်ချလွှဲထားနိုင်သည်က ယခုကဲ့သို့ အေးအေးချမ်းချမ်းအနားယူနိုင်ခြင်းပင် ညနေပိုင်းဆို ခြံထဲဆင်း လေကောင်းလေသန့်ရှူရင်း စာဖတ်ရသည်က သူကလေးဘဝထဲက အဖြစ်ချင်ဆုံး ဆန္ဒတစ်ခု
"ဦးလေး ကိုခေတ်သူရ ရောက်နေတယ်"
"ဟေ ဪ...ဒီကိုလွှတ်လိုက်"
"ဟုတ်ကဲ့"
ဆွေဦးဆိုတဲ့ ကလေးမလေးထွက်သွားပြီး သိပ်မကြာလိုက် မောင်ခေတ်သူရ ပါလာသည်
"အဖေ ကျတော့်ကို ခေါ်တယ်ဆိုလို့"
"အေး ဘာရယ်မဟုတ်ပါဘူးကွာ အလုပ်ကိစ္စတွေမေးရင်း သမီးနဲ့ရော အဆင်ပြေရဲ့လား မေးချင်လို့ ခေါ်လိုက်တာ ထိုင်လေကွာ"
"ဟုတ်ကဲ့"
~♥~ ~♥~
"လွင်ပြင်ရေ ကြီးနွဲ့ဆီခဏလာပါအုံး"
"ဟုတ်ကဲ့... "
မီးဖိုချောင်ထဲမှ ကြီးနွဲရဲ့ခေါ်သံကို လွင်ပြင် အသံမြှင့်ထူးရင်း ရေလောင်းလက်စကို ဖြတ်ကာ မီးဖိုဖက် အပြေးတစ်ပိုင်း သွားရသည်
"ဘာခိုင်းစရာရှိလို့လဲ ကြီးနွဲ့"
"ခိုင်းစရာရှိလို့မဟုတ်ပါဘူး မနက်က ဒေါ်လေးဝယ်လာတဲ့ ပန်းသီးတွေ ဘယ်ရောက်သွားလဲလို့ မေးမလို့"
"ဗျာ ကျတော်မသိဘူးလေ ကြီးနွဲ့ရဲ့ ကြီးနွဲ့စျေးကပြန်လာတုန်းက စားပွဲပေါ်တင်ထားတာတော့ တွေ့တယ် ကျန်တာတော့ ကျတော်မသိဘူး"
"အေးကွယ် ဘယ်ရောက်သွားလဲ မသိပါဘူး. မမလေးက ဒီညပန်းသီးစားချင်တယ်လို့ သေချာမှာထားတာ မရှိရင် အားလုံးအဆူခံရတော့မှာပဲ"
"ကျတော် စျေးကိုသွားဝယ်ပေးမယ်လေ"
"ဖြစ်ပါ့မလားကွယ် သားက စျေးကို တစ်ခါမှ မရောက်ဖူးဘူးမို့လား"
"ဖြတ်သွားဖြတ်လာတော့ ရောက်ဖူးပါတယ် ကြီးနွဲ့ရဲ့ စိတ်မပူပါနဲ့ ပေး ကျတော်ဝယ်ပေးမယ်"
စျေးက သိပ်မဝေးတာမို့ ဘာမှတော့ မဖြစ်လောက်ပါဘူးလေ
"အေးအေး ရော့ ဂရုစိုက်သွားနော်"
YOU ARE READING
အငယ်အနှောင်း
Short Storyမောင့်ရဲ့တွေဝေမှုတွေက ကျတော့်ကိုထိခိုက်နာကျင်စေတာ နည်းနည်းလေးမှ မသိခဲ့ဘူးလား မောင်ရယ်... မောင့်ရဲ့အချစ်ကိုယုံကြည်ပြီး မောင် ပြတ်သားစွာ ဆုံးဖြတ်မဲ့နေ့ကို စောင့်နေမယ်နော်