နေ့တစ်နေ့သည် စတင်လာပြန်သည်...
ဝေလီဝေလင်းအချိန်ကပင် စတင်သည့်လုပ်ငန်းတို့သည် မနက်စင်စင်လင်းတွင်တောင်မှ လုပ်လက်စသာ
ကားရေဆေးနေတုန်းမှာပဲ အိမ်ကြီးအတွင်းမှ စကားသံအချို့နဲ့အတူ မောင်နဲ့ မမလေး ထွက်လာကြသည်"ဘယ်လောက်ကြာမှာလဲ "
"၅ရက်တစ်ပတ်လောက်တော့ ကြာမယ်ထင်တယ်"
"တည်းဖို့ကိစ္စတွေရော စီစဥ်ထားရဲ့လား"
"ကိုခေတ် အကုန်စီစဥ်ထားပါတယ် နွယ်ရယ်"
"အင်းပါ.. နွယ်ကစိတ်ပူလို့ပါ"
မောင်က အပြုံးလေးနဲ့သာ ပြန်တုံ့ပြန်ရှာသည်
အိမ်ရှေ့ရောက်လာတော့ ကားဆေးပြီး ထွက်သွားဖို့ ပြင်နေတဲ့ ကျတော့်ခြေလှမ်းတို့သည် မောင့်ရဲ့ ခေါ်သံတွင် ရပ်တန့်သွားရသည်"လွင်ပြင်"
"ဟုတ်ကဲ့"
မနီးမဝေးတွင် ရပ်နေသော ကျတော့်ဆီသို့ မောင်က နီးကပ်သည်အထိ တိုးလာကာ
"မောင် ခရီးသွားရမယ် တစ်ပတ်လောက်ကြာမယ်ထင်တယ်"
"ဟုတ်"
"ဟင် ဘာမှ မမှာတော့ဘူးလား"
မောင်ကအံ့ဩသလိုလေးမေးလာခဲ့သော်
ကျတော်ကရော ဘာပြန်ပြောရပါမည်နည်း ဂရုစိုက်ပါဆိုတဲ့ စကားကိုတောင် ပြောဖို့ အနေခက်လှသည်ကို မောင်သိစေချင်ပါသည်
ပြောစရာမရှိတာကို မောင်သိစေရန်အလို့ငှာ ခေါင်းငုံ့ထားမိသည် ဒါကို မောင်လည်း ရိပ်မိသည်ထင်"ဟုတ်ပါပြီ မောင်သွားတော့မယ် ပြန်လာရင် လက်ဆောင် ဝယ်ခဲ့မယ်နော်"
"ဟုတ်"
မမလေးကတော့ မောင့်ရဲ့ လက်ဆွဲအိတ်ကို ကားထဲထည့်ကာ မောင့်နဲ့ သူ့ကိုတစ်ချက်ကြည့်ပြီး ထွက်သွားလေသည်
"မောင် လွင်ပြင့်ကို လွမ်းနေတော့မှာ"
"သွားတော့မယ်ဆို"
"ဟာကွာ လွင်ပြင်က မောင့်ကို အတင်းနှင်နေတာပဲ"
ရယ်သံသွေးကာ ပြောလာတဲ့ မောင့်ကို ပြန်မော့ကြည့်ရင်း ငြင်းဆိုမိတော့
YOU ARE READING
အငယ်အနှောင်း
Short Storyမောင့်ရဲ့တွေဝေမှုတွေက ကျတော့်ကိုထိခိုက်နာကျင်စေတာ နည်းနည်းလေးမှ မသိခဲ့ဘူးလား မောင်ရယ်... မောင့်ရဲ့အချစ်ကိုယုံကြည်ပြီး မောင် ပြတ်သားစွာ ဆုံးဖြတ်မဲ့နေ့ကို စောင့်နေမယ်နော်