Episode -6

15 2 2
                                    

ကြေကြေကွဲကွဲအဆုံးသတ်က စာချုပ်လေးအပေါ်က လက်မှတ်တစ်ခုလေးနဲ့တင် ပြီးဆုံးသွားတာမျိုး မဖြစ်ခဲ့ဘူး
ကံကြမ္မာက သည့်ထပ်ပိုပြီး နာကျင်စေချင်သေးခဲ့တာ

"အန်ကယ် တစ်ခုလောက်တောင်းဆိုပါရစေ"

ဘာမှမရှိတော့တဲ့ သူ့ဆီကလား ထပ်ပြီးတော့လေ
ဘာမှထပ်ပြီး ဆုံးရှုံးစရာမရှိတော့ဘူးလို့ တွေးမိသွားတဲ့အခါ အလွယ်တကူပဲ လက်ခံလိုက်မိပါတယ်

"ပြောပါ အန်ကယ်"

"မင်း ကိုယ်တိုင်ပဲ အန်ကယ့်သားဆီဖုန်းဆက်ပြီး ကွာရှင်းတဲ့အကြောင်းပြောပေးနိုင်မလား အန်ကယ်ကိုယ်တိုင်ဆို သားက မယုံမှာစိုးလို့ပါ"

အင်း.. အကြောင်းပြချက်ကခိုင်လုံသားပဲ
ခပ်ကြောင်ကြောင်ဖြည့်တွေးမိတဲ့အခါ နှလုံးသားတစ်စုံကတော့စုတ်ပြတ်သွားခဲ့ပြီလေ
ဘာမှထပ်ပြီး ဆုံရှုံးစရာမရှိတော့ဘူးလို့ တွေးမိတဲ့သူက ဒီစကားနဲ့တင် သွေးပျက်သွားတာက ရယ်စရာတော့ကောင်းမနေဘူးမို့လား

"ကျတော် ဆက်လိုက်ပါ့မယ်"

ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းလေးကို အသာအယာထုတ်ယူလိုက်ရင်း မကြာခင် ကွန်တက်ထဲမှာ မရှိသင့်တော့တဲ့ နာမည်လေးကို နှိပ်လိုက်မိသည် မသိမသာ တုန်ယင်နေတဲ့ လက်တွေကိုတော့ မောင်မမြင်စေချင်ဘူးလေ
တတူတူဝင်နေတဲ့ လိုင်းဆွဲအားအသံက ကျတော့်အား မသိမသာခြောက်လန့်နေလေသည် ဖုန်းလေးဝင်သွားပြီးနောက် မောင့်ဆီက လွင်ပြင်ဆိုတဲ့ အသံလေးကို ကြားလိုက်ရချိန် ဒူးတွေခိုင်မနေခဲ့ မဟုတ်တာလုပ်မိတဲ့ သူတစ်ယောက်လို ခြေဖျားလက်ဖျားတွေ အေးစက်နေခဲ့ပြီ စိတ်ပိုင်းဖြတ်ခဲ့ပြီးပြီပဲလေ တွေဝေစရာ လိုနေသေးလား အရာအားလုံးက ပိုကောင်းဖို့ ဖြစ်လာခဲ့တာချည်းပါပဲလေ

အက်ကွဲနေတဲ့ နှလုံးသားကို ခဏမေ့ထားပြီး လေသံမာမာကို လုပ်ယူလိုက်ရသည်

"ကိုခေတ်သူရ ကျတော်တို့ ကွာရှင်းရအောင်"

ခပ်မာမာစကားသံကြောင့် မောင်တဒင်္ဂတိတ်ဆိတ်သွားတဲ့အခါ
ကျတော့်မှာလဲ တိတ်တဆိတ်ပြိုလဲရပြန်ပါတယ်
ကျတော် သရုပ်ဆောင်တာ တော်တယ်မလား မောင်

အငယ်အနှောင်းWhere stories live. Discover now