အချိန်တို့သည် ကုန်ဆုံးစေချင်သူအတွက် အင်မတန်ပင် ကြာလွန်းလှသည် အလျင်လိုမှ အနှေးတွေ့ဆိုသလို လုပ်ငန်းခွင်တွင် ပြဿနာသေးသေးလေးတစ်ချို့ ပေါ်လာပြန်သည် သက်ဆိုင်သူဆီ ရောက်နေသော စိတ်အစဥ်သည် သူ့ဆီပြန်ရောက်လာရန် ခဲယဥ်းပေစွ
တစ်ပတ်သာကြာရမည့် အလုပ်သည် နှစ်ပတ်ကျော်ကြာသွားသည်
သက်ဆိုင်သူလေး စိတ်မဆိုးပါစေနှင့်တစ်လျှောက်လုံးချစ်ရသူအတွက်ပဲ တွေးပေးခဲ့သော ကျတော်သည် ကျတော်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူ လက်ထပ်ခဲ့ပါသော မြသင်းနွယ်ဆိုသည့် အမျိုးသမီးလေးအတွက်ရော မတွေးသင့်ပေဘူးလား
လွင်ပြင်ဖုန်းဆက်ပြီး နာရီအနည်းငယ်ကြာသော် နွယ်ဖုန်းဆက်လာသည်
အဖေနဲ့လွင်ပြင် နှစ်ဦးတည်း စကားပြောကြကြောင်း
သူအတတ်နိုင်ဆုံး တားခဲ့ပေမဲ့ မရကြောင်း
စိတ်အေးအေးထားကာ လွင်ပြင့်အပေါ် အကောင်းဆုံးလုပ်ပေးနိုင်ရန် စဥ်းစားသင့်ကြောင်း ပြောရှာသည် နွယ်သည် ရှားပါးလွန်းသော ခေတ်ပညာတတ်အမျိုးသမီးတစ်ဦးဖြစ်သည်နွယ့်ကို အမှန်ပင်လေးစားမိပါသည် နွယ်က ကျတော့်အပေါ် ဇနီးမယားတစ်ယောက်ထက်ပိုကာ ညီမအရင်းသဖွယ် ကောင်းပေးခဲ့သည် နွယ်အပေါ် အမှန်ပင် အားနာရပေမဲ့ နွယ့်သဘောထားကို သိပြီးပြီမို့ ဝန်တစ်ခုလျော့ရသည်
မင်းသာစောင့်နေပေးပါ..
ကိုယ်မင်းဆီရောက်လာခဲ့မယ်~♥~~♥~~♥~
ပြင်ထားသည့် ညစာသည် ကြက်ဥကြော်တစ်ပွဲသာ
စားချင်စိတ်မရှိသည်က တစ်ကြောင်း ဟင်းပွဲကတစ်ကြောင်း ထမင်းပန်းကန်ထဲက ဖြူဖြူဖွေးဖွေးထမင်းအစုလိုက်သည် ဆွဲသွန်ခြင်းခံလိုက်ရတော့သည် ရေအနည်းငယ်ဖြင့် ဗိုက်ဖြည့်ပြီးသာ အိပ်ဖို့ပြင်သည်တစ်စုံတစ်ခု လစ်ဟာသွားသော ဘဝသည် ဤမျှပင် ခြောက်သွေ့ပျင်းရိစရာကောင်းလှသည် မြင်သမျှသည် မတင့်တယ် ကြားသမျှသည် စိတ်ပျော်ဖွယ်ရာမရှိ
မှောင်မဲမဲအခန်းငယ်သည် အရင်လို မီးဖွင့်ထားမှ အိပ်တတ်သည့် လွင်ပြင် မရှိတော့ကြောင်းပြသည်ယခုလွင်ပြင်သည် မမြင်ရသည့် အမှောင်ကိုသာ ခုံမင်နေခဲ့သည် အိပ်ရာပေါ် ခပ်ဖြေးဖြေးလှဲချကာ အိပ်ဖို့ပြင်လိုက်သော်လည်း ပိတ်ထားသော မျက်ဝန်းတို့သည် အိပ်ပျော်ခြင်းမရှိ အရင်နေ့တွေလိုပဲပေါ့
YOU ARE READING
အငယ်အနှောင်း
Short Storyမောင့်ရဲ့တွေဝေမှုတွေက ကျတော့်ကိုထိခိုက်နာကျင်စေတာ နည်းနည်းလေးမှ မသိခဲ့ဘူးလား မောင်ရယ်... မောင့်ရဲ့အချစ်ကိုယုံကြည်ပြီး မောင် ပြတ်သားစွာ ဆုံးဖြတ်မဲ့နေ့ကို စောင့်နေမယ်နော်