အပိုင်း နှစ်ဆယ့်နှစ်

1.4K 65 1
                                    

unicode

မနက်စောစော ဆိုင်ကယ်နှင့်ခြံရှေ့ရောက်လို့လာသည့် သားရုန်းမျက်နှာကစိတ်ကြည်နူးဖွယ်ရာမရှိ။

"သားတို့ရယ် ဘယ်လိုဖြစ်ကြတာတုန်း။ ဟိုကောင်လေးကလဲ မနေ့ကတညနေလုံးအခန်းထဲကမထွက်ဘူး။ ညစာလဲမစားတဲ့အပြင် ဂျီးတော်ကိုလဲ စကားပြန်မပြောဘူးကွယ်။"

အမေပြောသည့်စကားက ရုန်း၏နှလုံးနုနုနေရာကိုရွေး၍ ဓားနှင့်စိုက်လိုက်သည့်အတိုင်း။ ရုန်းလည်းနာကျင်ရပင်မဲ့ ရိုးလေးဘေးမသီရန်မခစေရန် သွားမှဖြစ်မည်။

"အသက်အန္တရာယ်ထိခိုက်မှာဆိုးလို့ ကျွန်တော်မခေါ်သွားတာပါ။ ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါဦး အမေ။"

"အေးပါကွယ်။ ဒီကလေးကအစမို့ပါ ဂျီးတော်သေချာဖြောင့်ဖြလိုက်ပါ့မယ်။"

အခန်းရှေ့နားမှစကားသံခပ်တိုးတိုးကြောင့် မောင်ရိုးမှေးခနဲအိပ်ပျော်ရာမှ နိုးလို့လာသည်။ တစ်ညလုံးအထိန်းအကွပ်မရှိသည့်အတိုင်း ကျဆင်းခဲ့သည့်မျက်ရည်များကြောင့် ခေါင်းကမူးနောက်နောက်။
မောင်ရိုးသိပ်ကြောက်တယ်။
အရင်ကလိုအကိုရုန်း ကတိမတည်နိုင်မှာကို။ ကျုပ်ကိုမေ့သွားမှာကလည်း မပါမဖြစ်ပေါ့။ အဲ့ဒီလိုတွေးမိတိုင်း မောင်ရိုးခန္ဓာကိုယ်ဖြစ်စဥ်တွေက ကမောက်ကမဖြစ်သွားသလိုပဲ။ ရင်ဘတ်တစ်ခုလုံးတင်းကျပ်ပြီး အသက်ရှုရပ်တော့မဲ့အတိုင်း နာကျင်ရတယ်။

ခြေသံခပ်ဖွဖွနှင့်အတူ မောင်ရိုးအခန်းရှေ့လိုက်ကာနားရောက်လာသည့် အရိပ်က ဂျီးတော်နှင့်တူဟန်မရှိ။

ဝေးနေချိန်အတွင်းအားရှိအောင် အရင်ကလိုကျုပ်ခါးကိုရစ်သိုင်းပြီး နဖူးကိုပဲဖြစ်ဖြစ်တစ်ချက်လောက်နမ်းလိုက်စမ်းပါဗျာ။

"ရိုးလေးကိုယ်သွားတော့မယ်နော်။"

"......."

"ကိုယ်တစ်နှစ်တိတိပြည့်တဲ့နေ့ ဒီလိုအချိန်မှာပဲ အရောက်ပြန်လာခဲ့ပါ့မယ်။ စောင့်နေပါနော်။"

အချိန်တစ်ခုကြာသည့်တိုင်အောင် အခန်းငယ်လေးထဲမှအသံထွက်မလာတာမို့ သက်ပြင်းချသံသဲ့သဲ့နဲ့အတူ အကိုရုန်း၏ခြေသံခပ်ဖွဖွက မောင်ရိုးအခန်းနားမှ တရွေ့ရွေ့ဝေးကွာလို့သွားသည်။
ထွက်သွားတဲ့အရိပ်လေးကတော့ အခန်းငယ်လေးထဲမှ ရှိုက်သံသဲ့သဲ့ကိုကြားနိုင်မည့်ပုံမတူ။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now