unicode
"အကိုရုန်း ကျုပ်ရေချိုးချင်တယ်ဗျ။"
"မနက်ဖြန်မှ ချိုးပါကွာ၊အအေးပက်ပြီး ပြန်ဖျားလိမ့်မယ် ရိုးလေးရဲ့။"
ထိုကဲ့သို့ လေပြေအေးအေးလေးအား ကျုပ်သေးသေးလေးမျှမယုံရဲ။ အရင်နေ့များကလည်း မနက်ဖြန်မှချိုးပါ၊မနက်ဖြန်မှချိုးပါနှင့် ယုံစားမိခဲ့သည့်ငါးရက်တာလုံးလုံး တစ်ရက်မှရေမချိုးရသေးပေ။
အကိုရုန်းမှ ရေပက်တိုက်ပေးသော်လည်း ငါးရက်ဆက်တိုက်ရေမချိုးရတာကြောင့် ကျုပ်မှာနေရတာမလုံတော့။ အကိုရုန်းအနားကပ်လာလျှင် အနံ့တစ်ခုခုထွက်နေလေမလား ဟုတွေးပူနေရသည်။
"မယုံဘူးဗျ။ အကိုရုန်းကနောက်နေ့ကြ ချိုးခိုင်းတော့မှာမဟုတ်ဘူး။"
"တကယ်ချိုးခိုင်းမှာပါကွာ။"
"ဘာလို့ တကယ်လဲ။"
"ဘာလို့လဲဆိုတော့ မနက်ဖြန်ကိုယ်တို့တူတူ ရန်ကုန်သွားကြမှာမို့လို့လေ။"
"ဟင်....?"
အကိုရုန်း နောက်ဆုံးအကြိမ်ပြန်သွားပြီးထဲက နောက်တစ်ကြိမ်ထပ်သွားရန် မလိုတော့ဘူး ဟုကျုပ်ထင်ထားမိသည်။ ယခုကနှစ်ယောက်စလုံးပေမို့ ဘာအကြောင်းကြောင့်သွားရမည်ဆိုတာကို နားမလည်နိုင်ဖြစ်မိသည်။
"ကိုယ့်ဆိုင်ကယ်ကိုသွားရောင်းပြီး ကိုယ်တို့အိမ်ဆောက်မယ့်အထဲထည့်မလို့။"
အကိုရုန်းလက်ထပ်ခွင့်တောင်းပြီးနောက်နေ့ထဲက ဂျီးတော်တို့ရောဖွားပုနဲ့ပါတိုင်ပင်ပြီး ခြံတစ်ကွက်ဝယ်ကာ တစ်အိုးတစ်အိမ်ထူထောင်ဖို့ဆွေးနွေးဖြစ်ကြသည်။
ရွာလယ်မှာရှိသည့်ခြံက ဂျီးတော်အိမ်နှင့်လည်းသိပ်မဝေးသလို အကျယ်အဝန်းကလည်းသင့်သည်။ လူမနေတာကြာ၍ မြက်ပင်များနှင့်အိုဟောင်းနေသည်ဆိုပင်မဲ့ ပြန်လည်ရှင်းလင်းကာ အိမ်ပြန်ဆောက်လိုက်သည်နှင့် နေချင်စဖွယ်ကောင်းလိမ့်မည်မို့ ထိုခြံကိုသာဝယ်ရန်ရွေးလိုက်ကြသည်။ကျုပ်တို့မင်္ဂလာပွဲပြီးသည်နှင့် အဝေးသွားကာတရားအားထုတ်တော့မယ့် ဖွားပုက မင်္ဂလာလက်ဖွဲ့အနေနှင့် ထိုခြံကိုပေးခဲ့မည်ဆို၏။ ဒါကြောင့်ကျုပ်ရောအကိုရုန်းပါ အိမ်ဆောက်ရန်အတွက်သာပူစရာရှိတော့သည်။ ဖွားပုအားသံယောဇဥ်ရှိသည်မို့ မသွားစေချင်ပင်မဲ့ ဘာသာရေးအတွက်ပေမို့ တား၍မရပေ။
ŞİMDİ OKUDUĞUN
ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)
Romantizmမောင်ရိုးက ရိုးတယ်.......။ ချစ်ခြင်းကို အပြည့်အဝပေးရင်..... အပြည့်အဝပြန်ရမယ်လို့ ယုံကြည်တယ်.......။