အပိုင်း နှစ်ဆယ့်ကိုး

1.4K 84 2
                                    

unicode

"ရုန်း မင်းအဲ့ကိုသွားမှ ဖြစ်မှာလို့"

"အဲ့ခရီးသွားလုပ်ငန်းကပုံမှန်အတိုင်းလည်ပတ်နေတာပဲမလား။ ဘာတွေအသဲအသန်ဖြစ်နေရတာလဲ။"

ရုန်း company သို့ရောက်သည့်အချိန်မှစ၍ ထိုခရီးသွားလုပ်ငန်းကိုစီစစ်ပေးရန် ပိုင်ခန့်ကနားပူနာဆာလာတိုက်နေသည်။ အကွက်ကျကျ ခြေလှမ်းတတ်သည့်ပိုင်ခန့်က ဒေါ်ကေသီတို့မိသားစုအားလုံးထောင် ကျသွားသည်နှင့် အဘိုး၏လုပ်ငန်းများဖြစ်သည့် ခရီးသွားလုပ်ငန်းရော ကုန်တိုက်ပါ ရုန်းလက်ထဲပြန်လည်ရောက်ရှိလို့လာခဲ့သည်။
ရိုးလေးနှင့်ကတိပေးထားသည့်ရက်က တစ်ပတ်လောက်သာလိုတော့သည်မို့ အချိန်ကြာစေလောက်မည့်ကိစ္စများအား ရုန်းမလုပ်ချင်တော့ပေ။ ဖြစ်နိုင်လျှင် အခုချက်ချင်းပြန်လိုက်ချင်ပင်မဲ့ ရုန်းလုပ်သည့်ကိစ္စများကို နောက်ကနေတကောက်ကောက်လိုက်ရှင်းနေရသည့် ပိုင်ခန့်ကိုအားနာ၍သာပြန်မယ့်စကားကိုမဆိုမိခြင်းဖြစ်သည်။

"ဒါပင်မဲ့ မင်းကိုလိုနေတယ် ရုန်းရ"

"ဘာကြောင့်လဲလို့ မေးနေတာကိုကွာ"

'ကျစ်'

အလွယ်တကူလက်မခံပဲ စျေးလာကိုင်နေသည့် ရုန်းကြောင့် ပိုင်ခန့် စုတ်သတ်မိလိုက်၏။

"ရောက်မှ မင်းကိုယ်တိုင်ကြည့်စေချင်ပင်မဲ့ ပြောရတော့မှာပေါ့။ သိတဲ့အတိုင်း လွန်ခဲ့တဲ့တစ်နှစ်လောက်ကစလို့ အဲ့ခရီးသွားလုပ်ငန်းက မဟာ ဦးစီးခဲ့တာလေ။ အဲ့တော့ သူကသူ့လူတချို့ကို လုပ်ငန်းထဲဆွဲသွင်းခဲ့တယ်။"

"အဲ့တော့.....?"

"အဲ့ဒီ မဟာ့ရဲ့လူတွေက ရုံးကမိန်းကလေးတွေပေါ် လိင်အမြတ်ထုတ်နေတယ် ရုန်း။ မဟာကထောင်ကျသွားပြီးဆိုပင်မဲ့ သူတို့ကတော့အရင်ကအရှိန်နဲ့ ဆက်လုပ်နေတုန်းပဲ။"

ပိုင်ခန့်၏စကားကိုကြားလိုက်ရသည်နှင့် ရုန်း၏လက်ချောင်းလှလှများက လက်သီးဆုပ်အဖြစ်သို့ကူးပြောင်းလို့သွားသည်။ ပုံမှန်အေးစက်စက်ဖြစ်နေသည့် ရုန်း၏မျက်နှာမှာလည်း ပိုလိုပင်တည်တံ့လာသေး၏။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Tahanan ng mga kuwento. Tumuklas ngayon