unicode
"ဟဲ့ဖိုးတုတ်တို့ရယ် ခုမှဆယ့်တစ်ရှိသေး။ နင်တို့အကိုက နေ့လည်စာတောင်မစားရသေးဘူးဟဲ့။"
အခန်းအပြင်ဘက်မှ ဂျီးတော်၏အော်ဟစ် သံကြောင့် မောင်ရိုးစပ်စုရန်အိမ်ရှေ့သို့ထွက်လိုက်သည်။
"ဂျီးတော်ဘာဖြစ်တာလဲဗျ။"
"ဟိုမှာကြည့်လေ။ ဖိုးတုတ်တို့များ နင့်ကိုကျွေးရဖို့ဆိုအားတတ်သရော်ဖြစ်နေတာ။ နေ့လည်စောင်းတာတောင်မစောင့်နိုင်ဘူး။ မုန့်တီထုပ်ဆွဲပြီးအိမ်ရှေ့ရောက်နေပြီ။"
အိမ်တံခါးဝနားရပ်နေသည့် ဂျီးတော်အားမေးခွန်းထုတ်မိတော့ မှုန်ကုပ်ကုပ်မျက်နှာနှင့် ခြံရှေ့မျက်စပစ်ပြရင်းဆိုလာသည်။
ခြံပေါက်ဝကိုကြည့်လိုက်တော့ ဖိုးတုတ်နှင့်ဖိုးသားတို့က ကျုပ်ကိုလက်ပြရင်းအထဲသို့ဆက်ဝင်လာသည်။
ကျုပ်နေမကောင်းဖြစ်စထဲက ဖိုးတုတ်တို့ညီအစ်ကိုရောမိသွယ်ကပါ မုန့်တစ်ခုခုနှင့်အိမ်ကိုအမြဲလာတတ်၏။ သူတို့မုန့်ဖိုးလေးများနှင့်စုကာဝယ်လာသည်မို့ ကျုပ်မှာမစားရက်၊မသောက်ရက်။ မစားပြန်လျှင်လည်း စိတ်မကောင်းကဖြစ်ကြဦးမည်မို့ သူတို့ရှေ့၌သာထိုင်စားပြရသည်။
ဖိုးတုတ်နှင့်မိသွယ်တို့ကလည်း မဝယ်ပါနဲ့ တားလဲမရ။
မိသွယ်ဆိုလျှင် တခါတလေကြက်သားဆန်ပြုတ်ပျစ်ပျစ်လေးပင် လာပို့ပေးသေးသည်။ သို့ပေမဲ့ ပို့ပေးရုံနှင့်မပြီး။ ကျုပ်စားမစားကို မိသွယ်ကထိုင်ကာ စောင့်နေတတ်သေးသည်။ ကျုပ်ကအကုန်ပြောင်အောင်စားပြမှသာ အိမ်သို့တန်းတန်းမတ်မတ်ပြန်၏။"သားတို့ မနေ့ကကိုကြီးရိုးဖျားတယ်ကြားလို့ ပွင့်ထွက်သွားအောင် မုန့်တီစပ်စပ်လေးဝယ်လာတာ ဟဲဟဲ။"
သွားဖြဲပြရင်း အိမ်ထဲအဝင်မခံမည်ဆိုး၍ မျက်စောင်းတထိုးထိုးနှင့်ဂျီးတော်အား တွန်းတိုက်ကာပင် နောက်ဖေးထဲဝင်ကာ မုန့်တီထုပ်ကိုပန်းကန်းထဲဖြေထည့်နေကြ၏။ နေ့လည်စာစားချိန်နီးပြီမို့ ဂျီးတော်ကလည်း သူချက်ထားသည့်ဟင်းများကို ကျုပ်မစားမှာစိုးရိမ်နေပုံရသည်။
"ဂျီးတော်ရယ် ဆူပုတ်မနေပါနဲ့။ ကျုပ်ဂျီးတော်ချက်တဲ့ ဟင်းလည်းစားမှာပါဗျ။"
YOU ARE READING
ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)
Romanceမောင်ရိုးက ရိုးတယ်.......။ ချစ်ခြင်းကို အပြည့်အဝပေးရင်..... အပြည့်အဝပြန်ရမယ်လို့ ယုံကြည်တယ်.......။