အပိုင်းခြောက်

2.4K 127 2
                                    

unicode

ရုန်းစိတ်လက်မာန်ပါနှင့်ပြောလိုက်ခြင်းကြောင့် ရိုးလေးကအတော်ဝမ်းနည်းသွားပုံရသည်။ ဘာကြောင့်ရယ်မှန်း ရုန်းမသိ။ ရိုးလေးက တခြားရွယ်တူလူပျိုပေါက်များနှင့် အချိန်ကုန်မည် ထင်မိခဲ့သည်။ နောက်မှကလေးတွေမှန်းသိရချိန်မှာတော့ ကောင်ငယ်လေး၏မျက်ဝန်းမှာ အရည်ကြည်များကဥနေပြီဖြစ်၏။ ရုန်းကိုကြောက်ကြောက်နှင့် ပက်ခနဲပြန်ပြန်ပြောနေပုံကလည်း အသဲယားစရာ။

မုန့်ဝယ်ကျွေးပါ့မယ်ပြောတော့ ငိုထား၍အရည်ကြည်လဲ့နေသည့် မျက်ဝန်းညိုညိုလေးများနှင့် 'တကယ်လား'ဆိုသောအကြည့်မျိုးဖြင့် မော့ကြည့်လာပြန်သည်။ ကိုယ်တိုင်ကစိတ်ဆိုးအောင်လုပ်မိတာမို့ ရိုးလေးအမိန့်အတိုင်း ကြက်သားတုတ်ထိုးဆိုင်ရှိရာကို ပိုက်ဆံအိတ်ဆွဲလို့လိုက်ရပြန်၏။

ယခုတော့ ရိုးလေးမှရှေ့ကဦးဆောင်လျက် ကြက်သားတုတ်ထိုးဆိုင်သို့ချီတတ်နေကြပြီဖြစ်သည်။

နောက်ကနေ၍ရိုးလေး၏ကျောပြင်ကိုငေးကြည့်ရင်း တွေးမိနေသည်က 'ဘာကြောင့်ရိုးလေးကိုသဘောကျနေမိရသလဲ' ဆိုသည့် ခပ်နုံနုံမေးခွန်းတစ်ခု။ ရုန်းထက်နှာတစ်ဖျားလောက်သာအရပ်နိမ့်ပြီး မက်မောစရာမရှိတဲ့ ယောက်ျားသားတစ်ယောက်ကိုမှ။ ရှပ်လက်တိုလေးနှင့် ပုဆိုးအရောင်နက်နက် အကွက်စိပ်လေးတွေကိုပဲဝတ်တတ်တဲ့ ခပ်ရိုးရိုးရွာသားလေးတစ်ယောက်ကိုမှ။

ခြေဖမိုးညိုညိုလေးတွေနဲ့ ယောက်ျားစီးကတ္တီပါဖိနပ် အနက်ရောင်ကပနံသင့်နေသည်ကြောင့်လား....။
တခုခုဆို မျက်နှာလေးနီပြီး လည်ဂုတ်ကို ပွတ်ကာ ရှက်နေတတ်သည့်အကျင့်ကြောင့်လား.....။

ဘာပဲဖြစ်နေနေဒီဇာတ်လမ်းလေးဟာ ရုန်းအဖွားဆီကနေပြန်သည်နှင့် အဆုံးသတ်မည့်ဇာတ်လမ်းလေးတစ်ပုဒ်။
ငေးကြည့်နေရရုံနဲ့ကျေနပ်နေမယ်ဆိုလျှင် ရုန်းအဖွားဆီကပြန်သည်နှင့် အဆုံးသတ်မည့်ဇာတ်လမ်းလေးတစ်ပုဒ်။
ရိုးရိုးရှင်းရှင်းလေးပါပဲ။
ရုန်း လောဘမတတ်မိရုံပေါ့......။

ရုန်းတစ်ခုသောအရာကိုမေ့သွားခဲ့၏။ ထိုအရာကတော့
ချစ်မိလျှင် အလိုလိုလောဘတတ်နိုင်သည်ဆိုတာကိုပင်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Donde viven las historias. Descúbrelo ahora