unicode
"အကိုရုန်း....အကိုရုန်းဗျ..၊ထတော့ ပြန်ရောက်နေပြီ။"
ရုန်းပါးကိုလက်ညိုးနှင့်လက်မသုံးကာဆွဲလို့ နှိုးသည်။ ပိုင်ခန့်ကိုလမ်းပြောပြပြီးသည်နှင့် စိတ်ချလက်ချအိပ်လိုက်တာမို့ ယခုရိုးလေးနှိုးကာမှနိုးသည်။ အချိန်တွေမသိပဲ အိပ်ပျော်သွားရခြင်းက ရိုးလေးပုခုံးငွေ့နွေးနွေးလေးကြောင့်....။
အိပ်မှုန်စုံပွားဖြစ်နေသည့်မျက်လုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းပွတ်လို့ အပျင်းတစ်ချက်ဆန့်ကာ ကားပေါ်ကဆင်းလိုက်သည်။
ကောင်ငယ်လေးကတော့ ရွာထဲဝင်ရန်ထော်လာဂျီငှားဖို့ ပြေးလေပြီ။"မင်းပြန်ရောက်ရင်သူ့ကိုသေချာရှင်းပြလိုက်ဦး၊ငါနည်းနည်းလောက်စကားနှိုက်လိုက်တာ ငါ့ကိုလူဆိုးလို့ ထင်သွားတော့မယ်။"
ကားနောက်ခန်းမှ အထုပ်များကိုချနေတုန်းပိုင်ခန့်ကဆိုသည်။ အမေ့အတွက်၊အဖွားအတွက်နှင့်ကလေးသုံးယောက်အတွက်ရောမို့ ဝယ်လာသည့်အထုပ်များက ကားနောက်ခန်းတွင်အပြည့်။ ကစားစရာအကောင်းစားများပါ ပါသည်မို့ ပြန်ရောက်လျှင်တော့အမြွှာနှစ်ယောက်လုံး ရုန်းတို့ကိုဖက်ကာပါးကိုအားရပါးရနမ်းကြလိမ့်တော့မည်။
"ငါနားစွန်းနားဖျားကြားလိုက်ပါတယ်။ မင်းလည်းဗွေယူမနေနဲ့၊သူကငါနဲ့ပတ်သတ်ရင် အဲ့လိုပဲ။"
ရိုးလေးစကားများကရိုင်းသည့်အထဲမပါပင်မဲ့ ပိုင်ခန့်ရှေ့သပ်သပ်အကဲပိုပြလိုခြင်းဖြစ်သည်။ အခုချိန်ထိလူရွေးမပြီးနိုင်သူအား ရုန်းတို့ရဲ့ဆက်ဆံရေးကိုမီးမောင်းထိုးပြကာ နားငြီးလို့သွားတဲ့အထိ စ,ဦးမည်။
"မင်းခင်ပွန်းလောင်း မင်းကိုချစ်မှန်းငါနားလည်တယ် ဟေ့ကောင်၊အဲ့လောက်အကဲပိုပြမနေနဲ့"
ရုန်း၏ဆိုလိုရင်းကိုသဘောပေါက်သော ပိုင်ခန့်မျက်နှာက ရှုံ့မဲ့ပုပ်သိုးလို့နေ၏။ ဆတ်ဆတ်ထိမခံနိုင်သော ပိုင်ခန့်ကိုကြည့်ရင်း ရုန်းတခွီးခွီးရယ်တော့ ရုန်းတင်ပါးကိုဆောင့်ကန်ဟန်ပြုသည်။ ခပ်လှမ်းလှမ်းမှာတွေ့လိုက်ရသည့် ရိုးလေးရဲ့အရိပ်ကြောင့် ပိုင်ခန့်မှာရပ်လိုက်ရခြင်း။ အခုမှတွေ့ဖူးပင်မဲ့ ရိုးလေးက သူ့ကိုစိတ်ကွက်မှာစိုးပုံရသည်။
YOU ARE READING
ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)
Romanceမောင်ရိုးက ရိုးတယ်.......။ ချစ်ခြင်းကို အပြည့်အဝပေးရင်..... အပြည့်အဝပြန်ရမယ်လို့ ယုံကြည်တယ်.......။