အပိုင်း သုံးဆယ့်သုံး

1.4K 81 5
                                    

unicode

"ဝါး....ကားအကောင်းစားကြီးက မိုက်လိုက်တာ။"

ပိုင်ခန့်လွှတ်လိုက်သည့်ရုံးမှအလုပ်သမားယူလာပေးသော ကားကိုကြည့်ရင်း ရိုးလေးထံကထိုသို့အသံထွက်လာသည်။ မမြင်ဖူးသေးသည်မို့ ထူးထူးဆန်းဆန်းဖြစ်နေသည့်ဟန်။ ရုန်းရဲ့ကားက ပုံမှန်ဇိမ်ခံကားသပ်သပ်သာဖြစ်သည်။

"ပိုင်ခန့်ကို seafood ဆိုင်မှာတွေ့မယ်လို့ပြောလိုက်နော်။ ပြီးတော့ဒီဆိုင်ကယ်ကို showroom မှာရောင်းပြီးရတဲ့ငွေကို ပိုင်ခန့်ကိုပေးလိုက်။"

"ဟုတ်ကဲ့ boss!"

ရုန်းဆိုင်ကယ်သော့ကိုပေးလိုက်တော့ ထိုအလုပ်သမားမှ ခါးကို90ဒီဂရီတိမ်းစောင်းကာ အရိုအသေပြုပြီးထွက်သွားသည်။
ထိုအပြုအမူအားထူးဆန်းသည်ထင်နေသော ရိုးလေးက ပြူးပြူးကြီးနှင့်ဘေးနားတွင်ရပ်ကာကြည့်နေသည်။

"ပြန်ခါနီးကြ ကိုယ့်အသိတစ်ယောက်နဲ့တွေ့မယ်မလား။"

လက်ဖဝါးလေးအား နင့်နင့်သဲသဲဆုပ်ကိုင်ရင်း ဆိုမိတော့ ကောင်ငယ်လေး၏ခန္ဓာကိုယ်က တစ်ချက်လွန့်လူးသွားသည်။ ယခုမှရုန်းဘက်ကလူနှင့်တွေ့ရမည်မို့ စိတ်လှုပ်ရှားသွားပုံပေါ်သည်။

"ဟုတ်...ကဲ့ဗျ"

"ကိုယ်ရှိတယ်။ ဘာမှ မထူးဆန်းဘူး၊အဆင်ပြေမှာ။ လာသွားကြရအောင်။"

ဖိအားအချို့ကို ရုန်းရှိသည်ဆိုသောအသိနှင့် အားတင်စေကာ ရိုးလေးလက်ကိုဆွဲရင်းကားတံခါးကိုဖွင့်ပေးပြီး ကားပေါ်သို့တတ်စေလျက် ရုန်းကလည်းကားမောင်းသည့်ဘက်သို့ အမြန်သွားလိုက်သည်။ ပြီးနောက်ရုန်းကိုယ်တိုင် seat belt တပ်ကာ ရိုးလေးကိုလည်းလှမ်းတပ်ပေးလိုက်သည်။
ရုန်းလုပ်သမျှ ငြိမ်ငြိမ်လေးထိုင်ကြည့်နေသောရိုးလေးက ထိုင်ခုံခါးပတ် ပတ်ပေးရင်းနီးကပ်နေသောရုန်းပါးပြင်ကို မွခနဲ အမြန်တစ်ချက်နမ်းပစ်၏။ ရုန်းကအံ့သြလို့ကြောင်နေမိပြန်တော့ သွားညီညီလေးများပါပေါ်သည်အထိ ခပ်ဟဟပြန်ရယ်ပြသည်။

ကြည့်ရတာရုန်းပါးပြင်ကမျက်စိရှေ့ရောက်နေသည်မို့ မထိန်းနိုင်တော့သည့်ဟန်။ ဒီလိုအပြုအမူအား ရိုးလေးဘက်မှလွတ်လွတ်လပ်လပ်ထုတ်ပြသည်မို့ ရုန်းဝမ်းသာမိပါသည်။ ဒါကြောင့်မို့ ရုန်းဘက်ကလည်း ရိုးလေးမျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကိုင်ကာ နှုတ်ခမ်းထူထူလေးကိုနီရဲသည်အထိ မွတ်မွတ်သိပ်သိပ် နမ်းပစ်လိုက်သည်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)حيث تعيش القصص. اكتشف الآن