အပိုင်း လေးဆယ်

1.6K 64 1
                                    

unicode

နေသာသည့် နေ့တစ်နေ့ပင်ဖြစ်၏။
ရှပ်အင်္ကျီများနှင့်သာပြည့်နေတတ်သော အိမ်ရှေ့ခြံစည်းရိုးနားရှိအဝတ်တန်းလေးတွင် အနှီးဖြူဥဥလေးကနေရာဝင်ယူလို့လာပြီဖြစ်သည်။

သားလေးကိုမွေးစားပြီးသည့်နေ့မှစ၍ ရုန်းအိမ်မှာသာနေဖြစ်တော့သည်။ အလုပ်ကိစ္စများကိုလည်းအိမ်ကိုသာလာပို့ခိုင်းပြီး အရေးတကြီးမရှိမဖြစ်လိုအပ်မှသာ ရုန်းကိုလာခေါ်ခိုင်းထားသည်။ ပိုင်ခန့်ကတစ်လတစ်ခါ ရုန်းလိုအပ်သည့်ပစ္စည်းများကိုလာပို့ပေးရင်း အလုပ်အကြောင်းဆွေးနွေးဖြစ်ကြသည်။ လူပျိုကြီးဖြစ်သည့်အလျောက် ပိုင်ခန့်ဟာလည်းသားလေးကို တုန်နေရအောင်ကိုချစ်၏။ ရောက်လာလျှင်လည်း လက်ကမချ။ ပိုင်ခန့်ကချစ်၍လက်ဆောင်အနေနှင့်ဝယ်လာပေးသော တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့်ကစားစရာများကလည်း အလျှံအပယ်ပင်။ တစ်ကိုယ်တည်းသမားမို့ ရရှိလာသမျှဝင်ငွေအားလုံးကို သားလေးဆီ၌သာလာဖို့နေတတ်သည်။

"လေယာဥ်ပျံကြီးစီးကာရယ်၊ကောင်းကောင်ပေါ်ပျံပါမယ်။ ငှက်ကလေးတွေဖမ်းကာကွယ်၊တုတ်နဲ့ထိုးပြီးဆီနဲ့ကြော်စားမယ်။"

"ခစ်...ခစ်...ခစ်..."

မနက်မိုးလင်းသည့်အချိန်ထဲက ထိုဘာမှန်းမသိသည့်စာချိုးကို ရိုးလေးကမမောနိုင်မပန်းနိုင်ရွတ်သည်။ ထိုစာချိုးလေးအားဆိုလိုက်၊သားလေးရဲ့ဝမ်းဗိုက်ပြင်လေးကိုမေးစေ့လေးဖြင့်ပွတ်ပေးလိုက်လုပ်တော့ သားလေးမှာနှာဖျားလုံးလုံးလေးကိုနီဥလာသည်အထိ တခစ်ခစ်နှင့်ရယ်မော၏။

ကုတင်ပေါ်တွင်ရှိနေသည့်ကြည်နူးစရာမြင်ကွင်းလေးကိုကြည့်ရင်း ရုန်းကုတင်ဆီသို့လျှောက်သွားလိုက်သည်။ ရေမြှုပ်မွေ့ယာအိခနဲကျသွားသည်နှင့် ရုန်းနောက်မှာထိုင်နေမယ်မှန်းသိတဲ့ရိုးလေးက ရုန်းဘက်သို့မှီချလာကာ မော့ကြည့်လာသည်။ သွားညီညီလေးများပေါ်သည်အထိပြုံးပြတော့ နှုတ်ခမ်းထူထူအားတစ်ချက်ဖိကပ်ပစ်လိုက်၏။ တဟီးဟီးနှင့်ကောင်ငယ်လေးက သိပ်ကိုတွယ်တာချင်စရာကောင်းသည်။

"ဘာဟင်းချက်ထားလဲ။"

"ခြံနောက်ကရိုးလေးစိုက်ထားတဲ့အာလူးကိုကြော်ပြီး ကင်ပွန်းချဥ်ရွက်နဲ့ပဒတ်စာကိုချဥ်ဟင်းချက်ထားတယ်။ အသားဟင်းကကြက်သားဆီပြန်။"

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Donde viven las historias. Descúbrelo ahora