ဆုရေငါတို့ဒီနှစ်တန်ဆောင်တိုင်တောင်ကြီးသွားရအောင်မီးပုံးပျံပွဲသွားကြည့်ရအောင်လေချယ်ရီပန်းလေးတွေရောပွင့်လောက်ပြီသွားရအောင်နော်နော်လို့
''ချယ်ရီ ဟုတ်လား ''
ချယ်ရီလို့ကြားလိုက်တာနဲ့ဆုလူတစ်ယောက်ကိုချက်ချင်းသတိရမိတယ်အရင်တုန်းကအကြောင်းလေးတွေကိုရောပေါ့........................
''ဆုချယ်ရီသမီးတို့ပြောင်းရတော့မှာဆိုဟုတ်လား ? ဟုတ်ဆရာမဖေဖေ orderထွက်သွားပြီဆရာမရေဘယ်တဲ့လဲသမီး ''တောင်ကြီး''လို့ကြားတယ်ဆရာမရေ မြို့ပေါ်လားသမီး မဟုတ်ဘူးဆရာမတောင်ကြီးနဲ့နည်းနည်းလှမ်းတယ်တဲ့ရွာလေးတဲ့
အစဉ်ပြေအောင်နေနော်သမီး ဟုတ်ကဲ့ဆရာမ ''
ဆုဆရာမကိုနှုတ်ဆက်ရင်းအိမ်ပြန်လာခဲ့တယ်အတွေးထဲမှာတော့ဘယ်လိုရွာလေးလဲပေါ့ဆိုပြီးဆုတွေးနေမိတယ်
''ဆုလေးရေပစ္စည်းတွေသေချာသိမ်းနော်´´
'' ဟုတ်မေမေ ´´
''အနွေးထည်တွေသေချာထည့်ဟိုကအရမ်းအေးတာ´´
'' ဟုတ်ကဲ့ပါမေမေရဲ့ဒါနဲ့လေမေမေရှမ်းပြည်ဆိုတော့တောင်တွေအများကြီးပဲရှိမှာပေါ့နော်မေမေ´´
''ဟယ်ဆုလေးရယ်ရှမ်းပြည်ပါဆိုမှနေရာတိုင်းတောင်တန်းတွေကြီးပဲပေါ့သမီးရဲ့´´
''ချယ်ရီပန်းတွေရောလားမေမေ အင်းဟုတ်တာပေါ့ဆုလေးရဲ့''
အောက်ပြည်အောက်ရွာသူတစ်ယောက်ဖြစ်တဲ့ဆုအဖို့တော့တောင်တန်းတွေကိုပင်အလွန်အံ့သြစရာဖြစ်နေတော့တာပဲဆုနာမည်မှာပါတဲ့ချယ်ရီပန်းကိုပင်တစ်ခါမှမမြင်ဘူးတဲ့သူဆိုတော့အရမ်းမြင်ဘူးချင်နေမိတယ်
''ဆုလေးဆုလေးထတော့လေ´´
''ရောက်ပြီလားမေမေ´´
''ရွာမရောက်သေးပူးလေသမီးရဲ့ခုမှအေးသာယာကားဂိတ်ရှိသေးတယ်´´
'' ဟင်တောင်ကြီးတောင်မရောက်သေးပူးပေါ့ဟုတ်လားဖေဖေ´´
''တောင်ကြီးကိုဒီလိုကားအကြီးတွေတက်လို့မရပူးဆုလေးရဲ့ကားအသေးလေးနဲ့တက်ရမှာကားကြီးတွေကရန်ကုန်ကနေဒီထိပဲ´´
YOU ARE READING
ချယ်ရီမြေရဲ့မန်းမူလေး(ဗမာမလေး){completed)
Lãng mạnလူငယ်ဆန်ဆန်ငြိမ်ငြိမ်လေးပဲသွားမယ်နော် ROမှာပါ