ဒီလို့နဲ့တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲနေ့ရောက်လာတယ် တန်ဆောင်တိုင်မို့ကျောင်း၄ရက်ပိတ်ပေးတယ်တောင်ကြီးကနေလာပြီးစာသင်ပေးတဲ့ဆ ရာမလေးတွေကတော့ပြန်ကြပေမဲ့နယ်ဝေးကဆရာမလေးတွေကပြန်လို့မရကြပူးလေနယ်ဝေးကဆရာမလေးတွေကအဆောင်မှာပဲစုနေကြတော့တာပေါ့၃ယောက်ထဲဆိုတော့ လဲ ဆရာမတို့ကဆုတို့တွေကိုအဖော်စပ်တယ်''ဆုချယ်ရီတို့အဖွဲ့လိုက်ခဲ့ကြပါ့လားညနေကျရင်တန်ဆောင်တိုင်ဖွင့်ပွဲသွားကြရအောင်´´
''လိုက်မယ်ဆရာမ´´
ညနေရောက်တော့ကားနဲ့စုပြီးသွားကြတယ်အနွေးထည်ကိုယ်စီနဲ့ပေါ့အေးချက်ကတော့လက်လံရောပဲ ဆုတို့အဖွဲလူစုတုံးရှိသေးတယ် ပိုးဟပ်ဖြူတို့အဖွဲတွေပါရောက်လာတယ်
''ဟင်ဆရာမသူတို့ရောလား လိုက်မှာ ´´
''ဟုတ်တယ်လေသူတို့လဲလိုက်ချင်တယ်ပြောလို့လူများတော့ပိုပျော်ဖို့ကောင်းတာပေါ့´´
ပိုးဟပ်ဖြူပြုံးစိစိဖြင့်ဆုကိုမျက်ခုံးတွန်ပြီးစတယ် ဆုလဲမျက်စောင်းလေးထိုးပြီးဟိုဘက်လှည့်လိုက်တယ် ကားရောက်တော့ဆရာမက
''ကဲလူစုံရင်ကားပေါ်တက်ကြမယ် ´´
''ဆရာမ ´´
''ပြောလေသမီးသွန်းရွှေရည်ကျန်သေးတယ်ဆရာမ သူလဲလိုက်မယ်တဲ့ ´´
''အော်ဟိုမှာလာပြီ ကဲလူစုံပြီဆိုတက်ကြတော့ ´´
ဆုတို့ရွာလေးနဲ့တောင်ကြီးနဲ့ကကားနဲ့ဆို45မိနစ် မောင်းရတယ်အကုန်ကားပေါ်တက်တော့ဆုကနောက်ဆုံးမှာပဲထိုင်မယ်ဆိုပြီးနောက်မှတက်တယ် ပိုးဟပ်ဖြူကတော့အရင်တက်သွားပြီ သွန်းက ပိုးဟပ်ဖြူနားဝင်ထိုင်တယ် ဆုမသိချင်ယောင်ဆောင်ပြီးဖိနပ်ချွတ်ပြီးကားပေါ်တက်တယ် ဆုနောက်ဆုံးမှာထိုင်တာမြင်တော့ပိုးဟပ်ဖြူက
''ဆရာမခန သန့်စင်ခန်းခနသွားချင်လို့´´
ဆိုပြီးဆင်းသွားတဟ် ဆရာမကလဲ
''မြန်မြန်လုပ်ထက်မြတ်အောင်ရေ ဖွင့်ပွဲမမှီပဲနေမယ်ဖွင့်ပွဲအမှီမီးပုံးပျံသေးသေးလေးတွေလွတ်ရအုံးမှာ´´

YOU ARE READING
ချယ်ရီမြေရဲ့မန်းမူလေး(ဗမာမလေး){completed)
Romanceလူငယ်ဆန်ဆန်ငြိမ်ငြိမ်လေးပဲသွားမယ်နော် ROမှာပါ