တောင်တက်ခရီးသွားမယ့်နေ့ရောက်လာတယ်ဆုတို့လဲဆရာမမှာတာတွေသေချာမှတ်ပြီးထည့်လာခဲ့တယ်ဆုတို့၆နာရီထဲကကျောင်းရောက်နေတယ် အဲ့မှာပိုးဟပ်ဖြူနဲ့သွန်းရွှေရည်ကိုတွေ့တယ်အစကတော့ဆုပိုးဟပ်ဖြူကိုမခေါ်ပူးဒါမဲ့ဆုမှာကနည်းနည်းရွဲ့တတ်တဲ့အကျင့်ရှိတော့ဆုအရွှဲ့တိုက်မယ်လို့ဆုံးဖြတ်ပြီး
''ပိုးဟပ်ဖြူရေခနလာပါအုံး´´
ဆုချွဲချွဲပြစ်ပြစ်နဲ့ခေါ်လိုက်တယ်ပိုးဟပ်ဖြူလဲကြောင်ပြီးဆုကိုကြည့်နေတယ်
''ထက်မြတ်အောင်ရေခနလို့´´
အဲအခါကြမှသူလဲဆုဆီရောက်လာတယ်
''ပြောလေမန်းမူနင်စာမေးပွဲဖြေန်ိုင်လား´´
''ဟင် အင်းဖြေနိုင်တယ် ´´
''နင်ပြောစရာရှိတာဒါလား´´
''မဟုတ်ပူးနင်ခုချိန်ကစပြီးတောင်တက်ခရီးတစ်ချိန်လုံးနဲ့စခန်းချတဲ့အထိငါ့အနားနေပေးရမယ်´´
'' ဟင် တကယ်လား´´
''အင်းငါတို့ကသူငယ်ချင်းတွေပဲဟာငါတို့အဖွဲမှာလဲယောက်ျားလေးဆိုလို့နင်ရယ် နင့်သူငယ်ချင်းနှစ်ယောက်ရယ်ပဲရှိတာနင့်သူငယ်ချင်းကလဲငါမှမခင်တာ ငါနဲ့ဝတီနှစ်ယောက်ထဲအထုပ်တွေနဲ့ဘယ်လိုလုပ်ရမလဲနင်ကလဲ နော် နော်လို့ ´´
''သွန်းရွှေရည်တို့ကရော´´
''ငါတို့နဲ့မှမခေါ်တာရပါတယ်နင်မကူညီချင်လဲဘာမှမဖြစ်ပါဘူး´´
''မဟုတ်ပါဘူးဟာရပါတယ်ငါနေပေးမယ်လေ ´´
''အင်း´´
ဆုတို့ပြောပြီးလူစုချိန်ရောက်တော့၆တန်း၇တန်း၈တန်းလေးတွေကဆရာမတွေနဲ့ရှေ့ကသွားကြတယ်ဆုတို့၉တန်း10ယောက်ကတော့နောက်ဆုံးကကလေးထိန်းတွေပေါ့ဆုတို့စထွက်ထဲကဆုကပိုးဟပ်ဖြူကိုဆုနားခေါ်ထားတယ်အထုပ်လဲကူသယ်ခိုင်းရင်းပေါ့ဆုတို့တစ်မနက်ခင်းလုံးတောင်တက်ရင်းနဲ့နေ့လည်ရောက်တော့စခန်းချတဲ့နေရာရောက်လာတယ်
ပတ်ပတ်လည်ချယ်ရီပင် ပင်စိန်းပင်တွေနဲ့အရမ်းလှတဲ့နေရာလေးမှာဆုတို့စခန်းချကျတယ်ကာယဆရာမကတော့သူ့ကင်းထောက်လေးတွေကိုတဲတွေထိုးခိုင်းနေတယ်ဆုတို့လဲမောမောနဲ့ဆရာမဝေခိုင်းတဲ့အချိုရည်ဘူးတွေကိုလိုက်ဝေနေကြတယ်
YOU ARE READING
ချယ်ရီမြေရဲ့မန်းမူလေး(ဗမာမလေး){completed)
Romanceလူငယ်ဆန်ဆန်ငြိမ်ငြိမ်လေးပဲသွားမယ်နော် ROမှာပါ