part(2)

1.6K 61 0
                                    

ဆုတို့သားအမိနှစ်ယောက်စျေးကိုလမ်းလျှောက်လာကြတယ်စျေးရောက်တော့လူတွေမှအများကြီးပဲ မေမေကစျေး၀ယ်ရင်း

''ဆုလေးရေသဘက်ခါဆိုကျောင်းအပ်လက်ခံပြီတဲ့´´

''ဟင်မြန်လိုက်တာနော်မေမေရယ်''

ဆုရင်တွေခုန်နေတာပါတစ်ခါမှမမြင်ဘူးတဲ့လူတွေနဲ့တူတူကျောင်းတတ်ရမယ်ဆိုတော့အားငယ်မိတာတော့အမှန်ပါအားငယ်တာထက်ရင်တွေခုန်နေတယ်ကြောက်လဲကြောက်နေမိတယ်မေမေစျေး၀ယ်ပြီးတို့ဖူးနွေးစားပြီးပြန်ခဲ့တယ်အချိန်တွေကကုန်တာမြန်လိုက်တာပစ္စည်းတွေနေရာချရင်းကနေပဲကျောင်းအပ်ရမယ့်နေ့ရောက်လာတယ်

''ဆုလေးရေပြီးပြီလားသွားကြမယ်လေတော်ကြာနောက်ကျရင်မကောင်းပူးသူများတွေလဲစောင့်နေတယ်''

အိမ်ဘေးကကောင်မလေးကလဲဆုနဲ့အတန်းတူတယ်ခင်လဲခင်နေပါပြီနာမည်လေးကနန်းယွန်း၀တီတဲ့သူနဲ့တူတူသွားပြီးကျောင်းအပ်ကြတယ်ကျောင်းကအကျယ်ကြီးပဲအဆောင်လေးဆောင်ရှိတယ်အဆောင်တစ်ဆောင်ရှေ့မှာစိန်ပန်းနီပင်ကြီးတစ်ပင်ရှိတယ်ကျောင်းအပ်ပြီးဆုတို့ပြန်လာကြတယ်1ရက်နေ့တော့ကျောင်းစတက်ရမယ်ပေါ့ဆုစာအုပ်လေးတွေစီပြီးလွယ်အိပ်ထဲသေချာထည့်နေတယ်မနက်ဖြန်ကျောင်းတက်ရတော့မယ်ဆိုတဲ့စိတ်ကြောင့်ရင်တွေခုန်ပြီးဆုအိပ်လို့တောင်မပျော်ပူးအဲ့လိုနဲ့မနက်ကျတော့လဲမေမေမနှိုးခင်ကတည်းကဆုနိုးနေတယ်ကျောင်းသွားဖို့အတွက်ပြင်ဆင်ပြီး၀တီနဲ့တူတူသွားခဲ့တယ်ကျောင်းထဲရောက်တော့ကျောင်းသူသစ်မို့ထင်ပါတယ်အားလုံးရဲ့မျက်လုံးတွေကဆုဆီမှာဆုအခန်းပြင်တောင်မထွက်ရဲပူးကျောင်းတက်ခေါင်လောင်းထိုးပြီးသီချင်းဆို ဘုရားရှစ်ခိုးပြီးတော့ဆရာမကအသံဝဲဝဲလေးနဲ့မိတ်ဆက်ပေးတယ်

''ကဲသူကတော့ကျောင်းသူအသစ် နာမည်ကဆုချယ်ရီတဲ့အောက်ပြည်ကလာပြီးကျောင်းလာတက်တာဧည်သည်ပဲပေါ့လိုအပ်တာရှိရင်အချင်းချင်းကူညီပေးရမယ်နော် ´´

''ဟုတ်ကဲ့ပါဆရာမ ''

ဆုအခန်းထဲကိုပတ်ကြည့်တယ်အကုန်လုံးအသားဖြူဖြူချောချောလေးတွေကြီးပဲဆုကတော့ အသားညိုပြီးသနပ်ခါးအဖွေးသားနဲ့ကို့ယို့ကားယားလေးပေါ့အဲ့အချ်ိန်မှာပဲဘေးမှာတူတူထိုင်တဲ့ဝတီရဲ့သူငယ်ချင်းက

ချယ်ရီမြေရဲ့မန်းမူလေး(ဗမာမလေး){completed)Where stories live. Discover now