''ဆုရေ ဒီနေ့ကျောင်းကိုကျောင်းသူအသစ်တစ်ယောက်ထပ်ရောက်မယ်တဲ့ ချောချောလေးပဲ ရန်ကုန်ကပြောင်းလာတာတဲ့´´
'' ဟုတ်လား အေးဒါမဲ့မာနကြီးမဲ့ပုံပဲဆရာ့တူမတဲ့ ´´
''အော် နာမည်ဘယ်လိုခေါ်လဲ ´´
''သွန်းရွှေရည်တဲ့''
''သွန်းရွှေရည် ''
ဆုစိတ်ထဲကခေါ်ကြည့်နေမိတယ် အတန်းစတော့ဆရာမကဆုတုန်းကအတိုင်းပဲမိတ်ဆက်ပေးတယ်
''ကဲဒီနေ့ကျောင်းသူသစ်တစ်ယောက်ထပ်ရောက်တယ်သွန်းရွှေရည်တဲ့သင်္ချာဆရာရဲ့တူမလေးပဲ ကူညီပေးလိုက်ကြပါအုံးနော်´´
'' ဟုတ်ကဲ့ပါဆရာမ´´
'' သွားသမီး ဆုရဲ့ရှေ့ကခုံမှာထိုင်လိုက်နော်´´
'' ဟုတ်ဆရာမ''
ဆုရှေ့မှာသူလာထိုင်တော့ဆုပြုံးပြလိုက်တယ် သူလဲပြန်ပြုံးပြပါတယ်ဒါပေမဲ့ပြုံးချင်သလိုမပြုံးချင်သလိုအပြုံးမျိုးနဲ့ ဆုလဲစိတ်ထဲတစ်မျိုးဖြစ်သွားပြီးခက်တည်တည်ပဲနေလိုက်တော့ အဲ့အချိန်မှာအလိုက်ကန်းဆိုးမသိတဲ့အကောင်စုတ်လေးက
''မန်းမူ မန်းမူရေ မန်းမူလေး''
ဆုမကြားချင်ယောင်ဆောင်နေတယ်
''မန်းမူရေဒီနေ့ငါတို့အသင်းလေနင်နောက်ကျတယ်နော်ဆရာမနဲ့တိုင်မယ်´´
''ပိုးဟပ်ဖြူနင်နော်ငါဘယ်မှာနောက်ကျလို့လဲအကောင်စုတ်ငါတံမြက်စည်းလှဲထားတယ်နော်နင်သာဘာမှမလုပ်တာငါ့လာချွန်မနေနဲ့ ဟွန်း''
ဆုမျက်စောင်းထိုးပြီးရှေ့ပြန်လှည့်နေလိုက်တယ် အဲ့အချိန်သွန်းရွှေရည်က
'' ဆု မေးစရာရှိလို့ ´´
''ဟုတ်မေးလေ´´
''သူနာမည်ဘယ်လိုခေါ်လဲ ´´
''ဘယ်သူလဲ စောစောကဆုနဲ့ရန်ဖြစ်နေတဲ့ကောင်လေးလေ ´´
''အော် သူလား ထက်မြတ်အောင်တဲ့ ဆုကတော့ပိုးဟပ်ဖြူလို့ပဲခေါ်တယ် ''
သွန်းရွှေရည် ပြုံးပြီးအရှေ့ပြန်လှည့်သွားတယ် နောက်နေ့ကျောင်းမှာဆရာမကအသင်းပြန်ခွဲပေးတယ်သွန်းကိုမေးကြည့်တယ်ဆရာမကဘယ်အသင်းယူချင်လဲတဲ့သွန်းကလဲအပြာအသင်းတဲ့တကယ်တော့ဆုတို့အသင်းကလူပြည့်နေပြီဒါပေမဲ့ဆုထွက်ပေးလိုက်တယ်အသစ်ဆိုတော့သူနေချင် တာနေပါစေပေါ့ ဟိုအကောင်စုတ်လေးနဲ့လဲရန်မဖစ်ရတော့ပူးဆိုပြီးဆရာမကိုပြောလိုက်တယ်

YOU ARE READING
ချယ်ရီမြေရဲ့မန်းမူလေး(ဗမာမလေး){completed)
Romanceလူငယ်ဆန်ဆန်ငြိမ်ငြိမ်လေးပဲသွားမယ်နော် ROမှာပါ