မျက်လုံးတွေလဲစပ်နေပြီ ''ငြိမ်ငြိမ်နေ''
ဆိုပြီးဆုခြေမတွေကိုရေလောင်းနေတယ်''ဟက်အကောင်စုတ်ရဲ့ခြေမလောင်း ရအောင်ငရုပ်သီးဝင်တာမှမဟုတ်တာ´´
'' ဟုတ်လား´´
'' ဘာဟုတ်လားလဲပေးရေလက်ကိုအရင်လောင်းစပ်လို့သေတော့မယ် ´´
''ဟက်ရေကတစ်ခွက်ထဲနင့်လက်လောင်းမှတော့ရေဘယ်ကျန်တော့မလဲငြိမ်ငြိမ်နေငါသစ်ပေးမယ်''
ဆိုပြီးဆုမျက်နှာကိုသစ်ပေးတယ် ဆုလဲငြိမ်ခံနေလိုက်တယ်ပြီးမှရပြီလားမျက်လုံးဖွင့်လို့တဲ့
ဆုဖွင့်ကြည့်တယ်''ရပြီ ဒါမဲ့စပ်တော့စပ်သေးတယ် ''
ဆုမျက်လုံးတွေရဲနေတယ် မျက်နှာသစ်ပြီးပိုနေတဲ့ရေနဲ့ဆုလက်ဆေးလိုက်တယ် ပြီတော့
''ကျေးဇူးပဲ''
ဆိုပြီးဆုအခန်းထဲပြန်သွားဖို့လှည့်လိုက်တယ်
''မန်းမူငါနင့်ကိုသာမျက်နှာသစ်ပေးတာစောစောကမှအိမ်သာကပြန်လာတာဟ အဲ့လက်နဲ့သစ်ပေးတာ ´´
''အကောင်စုတ် ပိုးဟပ်ဖြူ''
ဆုအကျယ်ကြီးအော်ပြီးဒေါသတွေထွက်လာတယ်သူကတော့ဆုကိုစပြီးပြေးလိုက်တာတန်းနေရောဘဲဆု အခန်းထဲဆူဆူပုပ်ပုပ်နဲ့ဝင်လာတယ် ဝတီကမေးတယ်
''ဆုဘာဖစ်လာတာလဲ မျက်နှာကြီးကိုဆူပုပ်လို့ ´´
''ဘာဖစ်ရမှာလဲ ဟိုအကောင်ပေါ့ဘယ်ဘဝကရေစက်မှန်းကိုမသိပူးတည့်ကိုမတည့်ပူး ''
ဆုအာ့လိုပြောလိုက်တော့ဝတီကရယ်ပြီးပြောတယ်
''သူကစတာချစ်လို့စတာနေမှာပါဟာ´´
' ဟာဝတီနော်ဘာချစ်လို့လဲ ´´
''အယ်မှားသွားလို့ခင်လို့စတာနေမှာပါဟ သူဘယ်ကောင်မလေးစတာမြင်ဘူးလို့လဲနင့်ကိုပဲစတာပါဟာ သူတကယ်ခင်လို့ပါ ´´
''ဘာခင်ရမလဲဟယ်ရန်မဖြစ်တဲ့နေ့ကိုမရှိပူး´´
'' နင်တို့နှစ်ယောက်ကလေ မတည့်အတူနေမမြင်ချောင်းကြည့်´´
'' တော်ပါဟာ ချောင်းလဲမကြည့်ပါဘူး ''
အဲ့လိုနဲ့ ဆုတို့လဲတဖြည်းဖြည်းနဲ့ဆောင်းတွင်းပိုင်းပါရောက်လာတယ်သူကပြောတယ် ဆုကို
YOU ARE READING
ချယ်ရီမြေရဲ့မန်းမူလေး(ဗမာမလေး){completed)
Romanceလူငယ်ဆန်ဆန်ငြိမ်ငြိမ်လေးပဲသွားမယ်နော် ROမှာပါ