part(4)

871 43 2
                                    


ဒီလိုနဲ့ဆုတို့ကျောင်းတက်လာတာ4လပြည့်ပြီ ပထမနှစ်ဝက်ဖြေပြီးသီတင်းကျွတ်ကျောင်းပိတ်တော့မယ် 4လသာပြည့်သွားတယ်ဆုနဲ့သူနဲ့ကောင်းကောင်းမွန်မွန်စကားပြောရတယ်ကိုမရှိပူး ပထမ နှစ်ဝက်စာမေးပွဲဖြေပြီးနောက်ဆုံးရက်နေ့မှာ ကာယဆရာမကလူစုပြီးမှာတယ် ကျောင်းပြန်ဖွင့်ရင် သန့်ရှင်းတွေလုပ်ဖို့ပေါ့ကျောင်းပိတ် 10ရက်အတွင်းလဲစာတွေလုပ်ဖ်ို့ထပ်မှာကြတယ် ကျောင်းဖွင့်ရင်သန့်ရှင်းတွေလုပ်ဖို့လူတွေနဲ့နေရာတွေခွဲပေးတယ် ဘဟ်ဘဝကရေစက်လဲတော့မသိပူးဆု ပိုးဟပ်ဖြူနဲ့တူတူကျတယ်

''ထက်မြတ်အောင်နဲ့ဆုချယ်ရီနဲ့ကမိန်းကလေးနဲ့ ယောက်ျားလေးအတန်းခေါင်းဆောင်တွေဆိုတော့ မင်းတို့နှစ်ယောက်ကနောက်ပေါက်ကစိန်ပန်းပင်အောက်နဲ့ချယ်ရီပင်အောက်တောက်လျှောက်တာဝန်ယူရမယ်နော် မင်းတို့နှစ်ယောက်ထဲမနိုင် ရင်လူထပ်ခေါ်လို့လဲရတယ် ´´

''ဟုတ်ကဲ့ပါဆရာမ''

ဒီလိုနဲ့ဆုတို့တွေသီတင်းကျွတ်ကျောင်း10ရက်ကိုပျော်ပျော်ကြီးဖြတ်သန်းခဲ့တယ် ဆုလဲကျောင်း10ရက်ပိတ်တာကိုခရီးတွေလွန်နေတာနဲ့ပြန်ရောက်တော့ကျောင်းနောက်ကျနေလို့အပြေးသွားရတယ်ပထမအချိန်တောင်ဆုလွတ်သွားတယ်

''ဆရာမ ဝင်ခွင့်ပြုပါ ´´

ဆုခွင့်တောင်းလိုက်တော့အားလုံးရဲ့မျက်လုံးတွေကဆုဆီမှာ ဆရာမက

''ဝင်လေဆု ဘာလို့နောက်ကျနေတာလဲ´´
တဲ့ ဆုလဲဆရာမကို

'' ခရီးလွန်နေလို့ပါဆရာမရေလို့''

မနည်းရှင်းပြရတယ်ဆရာမထွက်သွားပြီးကာယအချိန်ရောက်တော့

''ဒီနေ့မန်းမူတအားလှနေတယ်ဟေ့ ကြည့်ကြပါအုံး''

ဆ်ိုပြီးပိုးဟပ်ဖြူရဲ့သူငယ်ချင်းတွေအသံအကျယ်ကြီးနဲ့ဝိုင်းအော်ကြတယ်ဆုလဲခုမှကျောင်းကပြတင်းပေါက်ကမှန်ထဲပြန်ကြည့်မိတယ် ဆုအလျှင်စလိုနဲ့အဖြူအစိမ်းသာကောက်လဲခဲ့တာ မိတ်ကပ်တွေမဖျတ်ရသေးပူး ဆံပင်တောင်မစည်းခဲ့ရပူးဆုကိုအကုန်ဝိုင်းကြည့်ပြီးဝတီတို့ကအစ ဆုနင်အရမ်းလှတယ်နော်ပြင်လိုက်တော့ နင်နဲ့လိုက်တယ်ဆံပင်ချထားတာနဲ့တဲ့ဆုလဲအကုန်ဝိုင်းကြည့်နေတော့မနေတတ်တော့တာနဲ့အခန်းအပြင်ထွက်ပြီးစိန်ပန်းပင်အောက်တံမြက်စည်းလှည်းနေတယ် ဆုကို10တန်းကအကိုကြီးတွေကတောင်မမြင်ဘူးသလိုလှမ်းကြည့်နေကြတယ် ဆုလဲငါတော့အပြင်ထွက်ခဲ့တာမှားပါပြီလားလို့တွေးနေမိတယ် ဆံပင်စည်းဖို့လဲခေါင်းစည်းကြိုးကမပါ ဆုတော်တော်အကြံအိုက်နေတယ် အဲ့အချိန်မှာပဲ10တန်းကအကိုကြီးတွေကဝိုင်းစကြတယ်

ချယ်ရီမြေရဲ့မန်းမူလေး(ဗမာမလေး){completed)Where stories live. Discover now