"ကိုကို သွားတော့မှာလား ငယ်သွေးလဲလိုက်မယ် ''တည်တံ့မောင် ကားပေါ်တက်ကာ ခါးပတ်ပတ်နေတုန်း ငယ်သွေးမှ အပြင်သို့ပြေးထွက်လာကာ ကားပေါ်သို့ ဝင်ထိုင်လေသည် ။
တည်တံ့မောင်က အခုဆို ဘွဲ့ရခါစဆရာဝန်လေးဖြစ်ပြီး ငယ်သွေးကတော့ ဆေးကျောင်းသူလေးဖြစ်သည် ။
"ကျောင်းနဲ့ ကိုကိုသွားမယ့်နေရာနဲ့က တခြားဆီပဲ ငယ်သွေးရဲ့ ''
"ကိုကိုကလဲ တခြားဆီဆိုလဲ ပို့ပေးလို့ရတာကို မဟုတ်ရင် ဒီအချိန်ဆို ဘတ်စ်ကားတွေက ကြပ်တယ်ကိုကိုရဲ့ ကိုကိုနဲ့ကြုံလို့ ကပ်လိုက်တာကို ကိုကိုကတင်မခေါ်ချင်တာလား ''
ဆူပုတ်ပုတ်လေးပြောနေသောငယ်သွေးအား တည်တံ့မောင်ဘာမှမပြောတော့ဘဲ ပြုံး၍သာကြည့်လိုက်ပြီး ကားမောင်းထွက်လာခဲ့သည် ။
တည်တံ့မောင်က အနေအေးပေမယ့် ညီမလေးဖြစ်သူ ငယ်သွေးလေးကိုတော့ အတော်ပင်ချစ်ရှာသည့်သူဖြစ်သည် ။"ကိုကို ဆေးခန်းဖွင့်မယ့်နေရာ ရှာတွေ့ပြီလား ''
မီးပွိုင့်မိ၍ ကားရပ်ထားတုန်း သာလိကာမလေး ငယ်သွေးက အမေးရှိလာပြန်သည် ။
"အင်း တော်တော်များများတော့လိုက်ကြည့်ပြီးပြီ ဒီနေ့ တစ်ခါထပ်သွားကြည့်မလို့လေ အဆင်ပြေတဲ့နေရာတွေ့ရင်တစ်ခါထဲ စာချုပ်ချုပ်ခဲ့တော့မလို့ ''
"ကိုကိုတို့များကောင်းလိုက်တာ ဆေးခန်းတောင်ဖွင့်ရတော့မယ် အားကျတယ် အားကျတယ် ငါတို့များတော့ အခုထိ မပြီးဆုံးနိုင်သေးဘူး ကျောင်းတက်နေရတာ ''
ငယ်သွေးက တည်တံ့မောင်ကိုပြောနေသည်လား သူ့ကိုယ်သူပြောနေသည်လား မသဲကွဲဘဲ ခြေဆောင့်ကာဖြင့် ငြီးငြူနေလေသည် ။
တည်တံ့မောင်ဘာမှမပြောဘဲ ပြုံး၍သာနေလိုက်သည် ။ဒီဆေးခန်းလေးဖွင့်ရဖို့ သူ့မှာဘယ်လောက်ကြိုးစားခဲ့ရလဲ သူသာလျှင်အသိဆုံးဖြစ်သည် ။
အလတ်စားစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဖေဖေနဲ့ အိမ်ထောင်မှုကို ကောင်းကောင်းထိန်းသိမ်းနိုင်တဲ့မေမေကြောင့် တည်တံ့မောင်တို့မောင်နှမနှစ်ယောက် သူများနှင့်တန်းတူ နေနိုင်ခဲ့ပေမယ် ဆေးကျောင်း၏ ကြီးမားလှသောစရိတ်များကြောင့် မိဘများကို ငဲ့ညာသော တည်တံ့မောင်က ကျောင်းတစ်ဖက်နှင့် guideလုပ်ရင်း ကျောင်းပြီးအောင်တက်ခဲ့သည် ။
တည်တံ့မောင် အခုစီးနေတဲ့ကားလေးကိုတောင် ဘွဲ့ရတုန်းက မေမေတို့က အတင်းဝယ်ပေးထားခြင်းဖြစ်သည် ။
အခုလဲ ကိုယ်တိုင်စုဆောင်းထားသောငွေကလေးနှင့် အခန်းလေးငှားကာ ဆေးခန်းဖွင့်ရန်ပြင်ဆင်နေခြင်းဖြစ်သည် ။
ငယ်သွေးကိုတော့ တည်တံ့မောင်က ဘာအပူအပင်မှမရှိဘဲ အေးအေးဆေးဆေးနေစေချင်ပါသည် ။
![](https://img.wattpad.com/cover/285057158-288-k699866.jpg)
ESTÁS LEYENDO
သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)
RomanceIf you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End date -17 October 2021