"နောက်တစ်ယောက် ဝင်လာလို့ရပါပြီ ''ပုံမှန်ဆေးခန်းဖွင့်ရက်ဖြစ်သောကြောင့် တည်တံ့မောင် အလုပ်များနေလေသည် ။
"ဟာ ဥာဏ်ပါလား နေမကောင်းလို့လား..... လာ လာ ထိုင်ဦး ''
ဆေးခန်းထဲကို ဝင်လာသည်က ဥာဏ်ဖြစ်နေသောကြောင့် တည်တံ့မောင် အနည်းငယ်တော့ အံ့သြမိသွားသည် ။
မျက်နှာမသာမယာနှင့်ဖြစ်နေသော ဥာဏ်အား တည်တံ့မောင် နှုတ်ဆက်စကားပြောပြီး ထိုင်ခိုင်းလိုက်သည် ။"နေမကောင်းလို့မဟုတ်ဘူး အကို....ဟို....ပြောစရာရှိလို့ပါ ပြောစရာဆိုတာထက် မေးစရာရှိလို့....''
ဘာတွေများပြောမှာမို့လို့လဲဆိုတဲ့သဘောနဲ့ တည်တံ့မောင် မျက်ခုံးပင့်မိသည် ။
"ဒါဆို ခဏနေ ဆေးခန်းပိတ်မှပြောလို့ရလား...တခြားလူနာတွေလဲ ကြည့်စရာရှိသေးလို့ အခုက အကို့ရဲ့ private timeမဟုတ်ဘူးလေ ''
"အခုသိရမှဖြစ်မှာမို့လို့ပါ ခဏလေးပဲအချိန်ပေးပါအကို...... နော် ''
"နေပါဦး ဥာဏ်ရဲ့ ခဏလေးပဲစောင့်ပါ ဘာတွေများအရေးကြီးနေလို့လဲ ''
ဥာဏ်က တည်တံ့မောင် လက်မောင်းကိုဆွဲကာ အလောတကြီးဖြစ်နေဟန်ရှိပြီး တည်တံ့မောင်ကလဲ စိတ်ရှုပ်သွားဟန် ဆွဲထားသောလက်ကို အတင်းရုန်းနေသောကြောင့် ရုန်းရင်းဆန်ခက်ပုံစံဖြစ်နေလေသည် ။
"သက္ကရာဇ်အကြောင်း အကို ဘယ်လောက်သိလဲ ''
တည်တံ့မောင် လှုပ်ရှားမှုအားလုံး ရပ်တန့်သွားသည် ။
ဘာကိုပြောချင်တာလဲဆိုတဲ့သဘောဖြင့် ဥာဏ့်ကို မျက်ခုံးပင့်ကြည့်လိုက်သည် ။"တကယ်တော့ သက္ကရာက......''
"အာ ကိုကိုက ခင်ဗျားဆီရောက်နေတာပဲ....ကိုကို အိမ်ပြန်နောက်ကျနေလို့ ကျွန်တော်က လိုက်ရှာနေတာ အဟက် ''
ဥာဏ်စကားပင်မဆုံးသေး ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိသော သက္ကရာဇ်က ဆေးခန်းထဲဝင်လာကာ နှုတ်ခမ်းစွန်းတွေကော့တက်တဲ့အထိပြုံးပြီး ဥာဏ်ရဲ့ ပုခုံးကို ဖက်ကာ အားနှင့်ဖြစ်ညှစ်ပစ်လိုက်သည် ။
တည်တံ့မောင် အမြင်မှာတော့ သိပ်ချစ်ကြတဲ့ ညီအကိုတွေပေါ့ ။
![](https://img.wattpad.com/cover/285057158-288-k699866.jpg)
ESTÁS LEYENDO
သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)
RomanceIf you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End date -17 October 2021