~ကမ္ဘာလောကကြီးခဏရပ်တန့်သွားသလိုပဲ
ငါထင်တယ် မင်းနဲ့ဆုံတိုင်းလေ
အကြည့်တွေ ရင်ဖိုလှိုက်မောလို့နေ
သာယာတဲ့ မင်းရဲ့ရယ်သံလေး
ရင်ခွင်ထဲအထပ်ထပ်ကြားယောင်ရင်းနဲ့
ဘဝကို သာယာယစ်မူးလို့နေ...
အသက်ထက်ဆုံးပေါ့ အနားမှာ အမြဲရှိချင်တယ်
ရင်ခွင်ထဲ မှေးစက်နားခိုရင်းနဲ့
မငြိုငြင်ဘူး အဆိုးများတွေ့ပါစေ
ဘဝကို အတူခရီးဆက်မယ်...
မင်း....နင်ဟာ ငါ့ဘဝရဲ့ကောင်းကင်ပဲ
မှောင်မိုက်သောညမှာ ငါ့အတွက် ငွေလမင်းငယ်
မင်း.....ဘယ်သူမှ အစားထိုးမရနိုင်ဘူး
အခိုင်မာဆုံးဘဝရဲ့ ကျောက်ဆောင် မင်းပဲ
ငါ့ခိုလှုံရာဟာလည်း မင်းပဲ....
သေချာတယ် ငါ့ရဲ့ အသက်ဟာ မင်းပဲ..~
တည်တံ့မောင်ရဲ့ သီချင်းသံချိုချိုလေးအဆုံး၌ သက္ကရာဇ်၏ နှုတ်ခမ်းစွန်းများကော့တက်သည်အထိ နှစ်ခြိုက်စွာပြုံးလိုက်သည် ။
သက္ကရာဇ်က တည်တံ့မောင်၏ ပေါင်ပေါ်၌ ခေါင်းအုံးအိပ်ပြီး တည်တံ့မောင်သီချင်းဆိုပြတာကို နားထောင်နေခြင်းဖြစ်သည် ။
"မောင် ဒီသီချင်းကိုမှတ်မိတယ်မလား ကိုယ်နဲ့အတူ ပဲခူးကို မောင်လိုက်လာတုန်းက မောင်အိပ်ပျော်အောင် ကိုယ်ဆိုပြခဲ့တဲ့သီချင်းလေ ''
သက္ကရာဇ်က ပြန်မဖြေဘဲ မျက်စိမှိတ်ထားရင်းနှင့်ပဲ ခပ်ရေးရေးလေးပြုံး၍ ခေါင်းညိတ်ပြသည် ။
"သီချင်းထဲကလိုပဲ မောင်က ကိုယ့်ရဲ့ တစ်ဦးထဲသော မင်း....ကိုယ့်ရဲ့ငွေလမင်း ''
သက္ကရာဇ်မျက်လုံးကို ဆက်ခနဲဖွင့်၍ မိမိအား ပြုံးကာ ငုံ့ကြည့်နေသော တည်တံ့မောင်၏မျက်လုံးများထဲသို့စူးစူးစိုက်စိုက်ကြည့်လိုက်သည် ။
တည်တံ့မောင်၏ မြတ်နိုးခြင်းတွေပိုလျှံနေသော မျက်လုံးအဝန်းအဝိုင်းလေးထဲသို့ စိုက်ကြည့်ကာ သက္ကရာဇ်၏ တည်တံ့မောင်အပေါ်ထားသော ချစ်ခြင်းမေတ္တာတို့သည်လဲ ဒီရေအလား တရိပ်ရိပ်နှင့်တက်လာရသည် ။
"ကိုယ်က ဒီသီချင်းကို အရမ်းကြိုက်တာလေ ကိုယ့်ရဲ့ favouriteပဲ မောင်ရောကြိုက်လား ''
သက္ကရာဇ်၏အဖြေကိုမျှော်လင့်နေဟန်ရှိသော တည်တံ့မောင်၏ မျက်နှာလေးအား သက္ကရာဇ်က လက်လေးမြှောက်ကာဖြင့် ဖွဖွလေးကိုင်၍
ВЫ ЧИТАЕТЕ
သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)
Любовные романыIf you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End date -17 October 2021
