မြို့ထဲလမ်းမများနှင့် အနည်းငယ်ဝေးသော ကျူးကျော်ရပ်ကွက်များရှိရာ မြို့စွန်ရှိ လမ်းကလေးသို့ တန်ဖိုးကြီးကားအဖြူရောင်လေးတစ်စီးဝင်လာသည်မှာ ပနံမတင့်စွာ ။
ထိုကားအဖြူလေးသည် ကျူးကျော်ရပ်ကွက်များသို့မရောက်မှီ 'အသောက ပရိယတ္တိ အခမဲ့ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း' အမည်ရှိသော ကျောင်းရှေ့၌ ထိုးရပ်လိုက်သည် ။
နုပျိုလှပသောမိန်းမတစ်ဦး ၊ ခန့်ညားတည်ကြည်သော ယောင်္ကျားတစ်ဦးနှင့် ၇နှစ်အရွယ် အေးချမ်းတည်ငြိမ်လှသော ကလေးငယ်တစ်ဦးတို့သည် ကားပေါ်မှာဆင်းလာ၍ ကျောင်းဝန်းထဲသို့လှမ်းမျှော်ကြည့်နေကြသည် ။
မနက်၁၀နာရီအချိန်ဖြစ်၍ ကျောင်း၏ စာသင်ခန်းများမှ စာရွတ်ဆိုသံများကို ဆူညံစွာကြားနေရသည် ။
ကျောင်းနေအရွယ်မရောက်သေးသော ကလေးငယ်များကတော့ ကျောင်းဝန်းထဲ၌ ပတ်ပြေးဆော့ကစားနေကြကာ ဖုန်အလူးလူးဖြင့် ညစ်ပေတေနေသည် ။
ကျောင်းဝန်းထဲရှိ အမှိုက်များအား လှဲကျင်းနေကြသော ကပ္ပိယကြီးနှင့် ရဟန်းပျို တစ်ယောက်စ နှစ်ယောက်စ ကိုလည်း တွေ့နေရသည် ။
ထို့နောက် ထိုအမျိုးသမီး နှင့် အမျိုးသားတို့သည် ကလေးငယ်လေး၏ လက်ကို တစ်ယောက်တစ်ဖက်ဆီဆွဲကာ ကျောင်းဝန်းထဲသို့ဝင်လာခဲ့ကြသည် ။
"အကိုအုန်း နေကောင်းရဲ့လား ကျွန်မကိုရော မှတ်မိသေးလား ''
အုန်းဖေတစ်ယောက် ဆရာတော်၏ ဝေရာဝစ္စလုပ်ပေးပြီး၍ ကျောင်းဝန်းထဲ၌ တံမြက်စည်းလှည်းနေတုန်း မိမိအား လှမ်းခေါ်သံကြားသောကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ အမျိုးသမီးငယ်တစ်ယောက်ကိုတွေ့လိုက်ရသည် ။
အသက်၅၀သာရှိသေးသော်လည်း မျက်စိမှုန်နေပြီဖြစ်သောကြောင့် မိမိအားခေါ်နေသည့်အမျိုးသမီးအား မည်သူမည်ဝါမှန်း မသဲကွဲ၍ အင်္ကျီ၌ ချိတ်ထားသော မျက်မှန်ကိုယူကာ သေချာတပ်၍ ကြည့်ရသည် ။
"အေး ကောင်းပါတယ် ဒါနဲ့ နေပါဦး ညည်းကဘယ်သူတုန်း ''
"ဝါဆိုဦးလေ အကိုအုန်းရဲ့ မတွေ့ရတာ ၁၄နှစ်တောင်ရှိပြီဆိုတော့ အကိုအုန်းက ကိုယ့်ညီမကိုမေ့ပစ်ပြီပေါ့ ဟုတ်လား ''
ESTÁS LEYENDO
သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)
RomanceIf you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End date -17 October 2021
