တီးတောင် တီးတောင်
တီးတောင် တီးတောင် တီးတောင်
တံခါးbellကို အဆက်မပြတ်တီးနေတဲ့အသံကြောင့် တည်တံ့မောင် အိပ်ချင်မူးတူးနှင့် နိုးလာသည် ။
အခုတစ်လော ဆေးရုံရော ဆေးခန်းပါ သွားရ၍ ပင်ပန်းနေသောကြောင့် နားရက်ရသော ဒီနေ့၌ အပြည့်အဝအိပ်မယ်စဥ်းစားထားသော်လည်း အနှောင့်အယှက်ကပေါ်လာသောကြောင့် စိတ်ညစ်သွားရသည် ။
ဆံပင်တွေကို ဆွဲဖွကာ အိပ်ရာမှထလိုက်ပြီး တံခါးသွားဖွင့်ပေး၍ မနက်စောစော ရောက်လာသည့် ဧည့်သည်အားကြည့်လိုက်သည် ။
"ဟင်...မောင်! အစောကြီးပဲ ဘာလာလုပ်တာလဲ ''
တံခါးဝမှာရပ်နေတဲ့သူက အနှောင့်အယှက်မဟုတ်ဘဲ မိမိရဲ့ချစ်ရသူ သက္ကရာဇ်ဖြစ်နေသောကြောင့် အနည်းငယ်ပင် အိပ်ချင်ပြေသွားရသည် ။
"ဘယ်ကစောရမှာလဲ မောင့်အချစ်ရဲ့ အချိန်ကိုလဲကြည့်ပါဦး ၈နာရီထိုးနေပြီဗျ ''
အိမ်ထဲက တိုင်ကပ်နာရီကိုကြည့်လိုက်တော့ လက်တံတိုက ၈ကိုညွှန်ပြနေသောကြောင့် မနက် နေဖင်ထိုးနေပြီမှန်းသိလိုက်သော်လည်း အိပ်ချင်ကတော့မပြေသေးပေ ။
"အင်း...ဝင်ခဲ့လေ ကိုယ်က အိပ်ချင်နေသေးတယ် မောင်ရဲ့ ''
အိပ်ချင်မူးတူးနှင့်ပြောကာ အခန်းထဲပြန်ဝင်သွားသော တည်တံ့မောင်အားကြည့်ကာ သက္ကရာဇ် သဘောတကျပြုံးလိုက်သည် ။
ထို့နောက် တံခါးကိုပိတ်ကာ တည်တံ့မောင်အနောက်သို့လိုက်လာခဲ့လိုက်သည် ။
အခန်းထဲရောက်တော့လဲ အိပ်ရာပေါ်မှာ ကွေးကွေးလေးပြန်အိပ်နေသော တည်တံ့မောင်ကြောင့် သက္ကရာဇ်လဲ ကုတင်ဘေး၌ ထိုင်ကာ တည်တံ့မောင်အား ထိုင်ကြည့်နေမိသည် ။
"မောင်...ကိုယ် ကောင်းကောင်းအိပ်ပါရစေကွာ ''
"အိပ်လေ အချစ်ရဲ့ မောင် ဘာလုပ်လို့လဲ ''
"မောင်က အဲ့လိုကြီးထိုင်ကြည့်နေတော့ ကိုယ်က ဘယ်လိုလုပ်အိပ်လို့ရတော့မှာလဲ ''
"ဟောဗျာ မောင်က အချစ်ကို ချစ်လို့ကြည့်တာကို ကိုယ့်ဘာသာအိပ်ပါလား အချစ်ရာ ''
ESTÁS LEYENDO
သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)
RomanceIf you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End date -17 October 2021
