"ညီမ ဒီနေ့ညနေရော မနက်ဖြန်တစ်ရက်ပါ မလာနဲ့နော် အကို ပဲခူးဘက် ခဏသွားစရာရှိလို့ သဘက်ခါမှပြန်လာခဲ့ပေါ့ ''"ဟုတ်ကဲ့ အကို ကောင်းကောင်းသွားပါ ဒါဆို ညီမ ပြန်ပြီနော် ''
အကူညီမလေးအား နှုတ်ဆက်ပြီး ဆေးခန်းတံခါးတွေပိတ်ဖို့လုပ်ရသည် ။
ကျောင်းတုန်းက စီနီယာများက ပဲခူးဘက်၌ ပရဟိတဆေးကုရေးအတွက် volunteer လိုတယ်ဆိုပြီး တည်တံ့မောင်ကို ခေါ်နေတာမို့ ဆေးခန်းကို မနက်ပိုင်းတစ်ပိုင်းပဲဖွင့်၍ ဒီညနေမှာ ပဲခူးဘက်သို့သွားမည်ဖြစ်သည် ။တစ်ညအိပ် ၂ရက်ခရီးဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါး အဝတ်နှစ်စုံသာ ကျောပိုးအိတ်ထဲကောက်ထည့်ပြီး စုရပ်နေရာသို့သွားရန်ပြင်ရသည် ။
"ဒါကဘယ်လဲ ခင်ဗျား ''
ဆေးခန်းတံခါးပိတ်ပြီး လှည့်ထွက်မည်အပြု မိမိအရှေ့ လာရပ်သောခြေထောက်တစ်စုံနှင့် သြရှရှအသံတစ်ခုကြားလိုက်ရသောကြောင့် မောကြည့်မိတော့ သက္ကရာဖြစ်နေသောကြောင့် တည်တံ့မောင် အံ့သြသွားရသည် ။
"သက္ကရာ ဘယ်ကနေ ဘယ်လိုရောက်....စကားပြောနိုင်....''
တည်တံ့မောင်၏ အဆီအငေါ်မတည့်တဲ့ စကားလုံးများမှာထွက်ကျလာလေသည် ။
သက္ကရာဇ် စိတ်အလိုမကျစွာဖြင့် မျက်ခုံးတန်းတွေကို တွန့်ချိုးပစ်လိုက်သည် ။
"ကျွန်တော့်နာမည် သက္ကရာဇ်လို့ ခင်ဗျားကိုပြောထားတယ် မဟုတ်ဘူးလား ''
"ဟမ် ''
"ဘာကြောင်နေတာလဲ ''
တည်တံ့မောင်ကြောင်,အနေမိသည် ။
သက္ကရာ ဆေးခန်းမလာသည်မှာ တစ်ပတ်ခန့်ရှိတော့မည်ဖြစ်သည် ။
Phဆက်ကြည့်တော့လဲ ဥာဏ်နဲ့ပဲတွေ့၍ သက္ကရာ နေကောင်း ၊ မကောင်းမေးကြည့်သော်လည်း နေကောင်းပါသည်ဟုသာ ပြန်ပြောသည် ။
ဆေးခန်းကိုတော့ ရောက်မလာခဲ့သောကြောင့် တည်တံ့မောင်လဲ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ကာ မအားလပ်၍ သက္ကရာကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည် ။
အခုပြန်ပေါ်လာတော့လဲ သူ့ကိုယ်သူ သက္ကရာဇ်ဆိုပြီး ပြောနေသော သက္ကရာကြောင့် တည်တံ့မောင် ကြောင်အ,အဖြစ်နေသည်မှာ သိပ်တော့မဆန်းပေ ။
ESTÁS LEYENDO
သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)
RomanceIf you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End date -17 October 2021