9.

1.9K 127 0
                                        


ကုတင်ပေါ်၌ လဲလျောင်းအိပ်စက်နေသော သက္ကရာ၏ ကြည်စင်နေသော မျက်နှာကလေးအား ဥာဏ် ထိုင်ကြည့်နေမိသည် ။

သက္ကရာ တစ်ခုခုဖြစ်တိုင်း ကိုယ့်အပြစ်ကြောင့်ချည်းပဲမို့ ဥာဏ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်းသာ နေရသည် ။

အရင်ကလဲ သက္ကရာကို သူထားသွားလို့ သက္ကရာက အနိုင်ကျင့်ခံရခဲ့သည် ။
အဲ့ဒါအတွက် ရခဲ့တဲ့အပြစ်ဒဏ်က သက္ကရာ သူ့ကိုစကားမပြောတော့တာပဲ ။

အခုလဲ သက္ကရာက အလုပ်လုပ်ချင်တယ်ဆိုပြီးပြောတော့ အစကခွင့်မပြုပေမယ့် သက္ကရာက မျက်နှာတစ်ချက်ပျက်ပြလိုက်တာနဲ့ မနေနိုင်တဲ့ ဥာဏ်က ခွင့်ပြုပေးလိုက်တာ အခုလိုတွေဖြစ်သွားတဲ့အထိပဲ ။
ဒီတစ်ခါရော သက္ကရာက သူ့ကိုဘာအပြစ်ပေးမှာလဲ ။
သက္ကရာနဲ့ခွဲရတဲ့အပြစ်မျိုးမဟုတ်ရင် ဘယ်လိုအပြစ်မျိုးဖြစ်ဖြစ် သက္ကရာ စိတ်ကျေနပ်တဲ့အထိ အပြစ်ပေးပါစေလေ ။

ဥာဏ် ဟိုတွေးဒီတွေး တွေးရင်း သက္ကရာ၏ နှဖူးပေါ်ဝဲကျနေသော ဆံပင်အုပ်အုပ်လေးအား လှန်တင်ပေးပြီး ခေါင်းလေးကို အသာပွတ်သပ်ပေးနေမိသည် ။

*ဒီလိုမွေးထဲက အမာရွတ်ရခဲ့တာ သက္ကရာလေး ဘယ်လောက်နာကျင်ခဲ့လိုက်မလဲ....*

သက္ကရာ၏ မျက်ခုံးလေးပေါ်က ကန့်လန့်ဖြတ်အမာရွတ်လေးအား လက်ဖြင့်အသာဖွဖွတို့ထိရင်း ဥာဏ် သက်ပြင်းချမိလိုက်သည် ။

ထို့နောက် ညနေက ဆရာဝန်လေးပြောခဲ့သည်များကို ပြန်စဥ်းစားကြည့်ပြီး ဥာဏ် စိတ်တွေရှုပ်ထွေးလာရသည် ။

*သက္ကရာက ဟိုဘက်ကလူတွေကို ထိုးကျိတ်နေသည်တဲ့လေ...မဖြစ်နိုင်တာတွေ သက္ကရာဆိုတာ အနေအေးလွန်းလို့ သူများအနိုင်ကျင့်တာတောင် ပြန်မလုပ်တဲ့ကောင်လေးဆိုတာ သူတို့မသိကြလို့ပြောတာဖြစ်မှာပါ...*

*ဒါဆို အဲ့ဒီနေ့ကရော....????*

အဲ့ဒီနေ့ကအကြောင်းကိုပြန်စဥ်းစားမိတော့ ဘာအဖြေမှထွက်မလာဘဲ စိတ်ပို၍ ရှုပ်ထွေးလာကာ ဥာဏ် သက်ပြင်းကိုသာ ခပ်နာနာချမိတော့သည် ။

#Flashback starts.......

ဥာဏ်တစ်ယောက် ဘဘုန်းphဆက်သောကြောင့် အလုပ်ကနေ ဆေးရုံသို့အမြန်ပြေးရတော့သည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Kde žijí příběhy. Začni objevovat