"သက္ကရာရေ ကိုကိုပြန်လာပြီ ဒီမှာဘယ်သူပါလာလဲထွက်ကြည့်.....ဟင် သက္ကရာ ဘယ်သွားမလို့လဲ ဒီအချိန်ကြီး ''
သက္ကရာက စူးရှတဲ့မျက်လုံးတွေနဲ့ ဥာဏ့်ကို တစ်ချက်လှည့်ကြည့်ပြီး ပြန်လှည့်ထွက်မယ်ပြင်နေသောကြောင့် သက္ကရာ လက်မောင်းအား ဥာဏ်ဆွဲထားလိုက်သည် ။
ဥာဏ်အလုပ်ကပြန်လာတော့ လမ်းမှာ ငယ်သွေးနဲ့တွေ့ပြီး စကားတပြောပြောနှင့်အိမ်သို့လမ်းလျှောက်လာခဲ့ကြသည် ။
ငယ်သွေးကလဲ သက္ကရာနဲ့မတွေ့ရတာကြာပြီမို့ အိမ်ကိုလိုက်လာသောကြောင့် သက္ကရာကို ငယ်သွေးပါလာမယ့်အကြောင်းphတောင်မဆက်ပဲ အံ့သြသွားအောင်လုပ်မလို့ဖြစ်သည် ။
အခုတော့ ဥာဏ်တို့ရောက်ရောက်ချင်း သက္ကရာက အပြင်သွားမည့်ပုံစံနဲ့မို့လို့ ဥာဏ်သာမက ငယ်သွေးပင် အထူးအဆန်းဖြစ်နေလေသည် ။
ဒီကလေး အရင်က ဒီလိုအချိန်အပြင်ထွက်ဖူးတာမှမဟုတ်ဘဲလေ...
"နေ...နေပါဦး သက္ကရာရဲ့ ဒါကဘယ်လဲ ညနေပဲစောင်းနေပြီ ဒီမှာ ငယ်သွေးက သက္ကရာကို တွေ့ချင်လို့လိုက်လာတာ ခဏနေ ငယ်သွေးက ပြန်ရမှာ ''
"သက္ကရာက မမလာတာကို မကြိုဆိုဘူးကွာ နောက်တစ်ခါ မလာတော့ဘူး စိတ်ကောက်ပြီးပြန်တော့မယ် ''
ငယ်သွေး နဲ့ ဥာဏ်က ဘယ်လောက်ပြောပြော သက္ကရာကတော့ ဥာဏ်အတင်းဆွဲထားတဲ့ သူ့လက်မောင်းကို ဆွဲဖြုတ်ကာ ဥာဏ့်လက်ထဲက အတင်းရုန်းထွက်နေလေသည် ။
"သက္ကရာ!!! ဘယ်လိုဖြစ်နေတာလဲ အပြင်သွားမယ်ဆိုလဲ ဘယ်ကိုသွားမှာလဲ ပြောသွားဦးမှပေါ့ ခဏနေရင် မှောင်လာတော့မှာကို ''
သက္ကရာက မျက်တောင်နှစ်ချက်ကို ခပ်မြန်မြန်ခက်လိုက်ကာ မျက်ခုံးတန်းတွေကို တွန့်ချိုးပစ်သည် ။
ဥာဏ်က စိတ်ပူလွန်ပြီး အော်မိသွားတာမို့ ဥာဏ်မှားမှန်း ဥာဏ်သိလိုက်တာကြောင့် သက္ကရာလက်တွေကို အယောင်ယောင်အမှားမှားနှင့် လွှတ်ပေးလိုက်သည် ။
သက္ကရာက ဥာဏ့်လက်က လွတ်ပြီဆိုတာနဲ့ ဥာဏ်ခုနကဆွဲထားတဲ့ သူ့လက်မောင်းကို တစ်ချက်ခါကာ ဥာဏ့်ကို အကြည့်စူးစူးတစ်ချက်ပေးပြီး ခြံပြင်သို့ထွက်သွားလေသည် ။
ВЫ ЧИТАЕТЕ
သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)
Любовные романыIf you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End date -17 October 2021
