Unicode
Love Story Of Two Boys
Part(1)
ကလင် ကလင် ကလင်
မုန့်စားကျောင်းဆင်းချိန်
"ဒီနေ့တော့ ဒီလောက်ပဲ မနက်ဖြန်မင်းတို့အိမ်စာစစ်မယ်"
"ဟာ ဆရာကလည်း"
"ဆရာအကျင့်ပုတ်တာ"
"အိမ်စာပဲစစ်နေတယ်"ကျောင်းသားတွေရဲ့ ငြီးငြူသံ၊
"အိမ်စာစစ်တယ်ဆိုတာ မင်းတို့ရဲ့ဘဝတိုးတက်အောင်လို့စစ်ပေးမှာ..."
ပြောစကားတောင်မဆုံးသေး...!
"ရပြီ ရပြီ ဆရာ"
"သမီးနားလည်ပါတယ်"
"သားလည်းနားလည်ပါတယ်"သံသရာမလည်ချင်တဲ့ ကျောင်းသူကျောင်းသားတွေ၊ ဩဝါဒအရှည်ကြီးတွေ နားမထောင်ချင်တဲ့ကျောင်းသူကျောင်းသားတွေ။
"မင်းတို့ကွာ တကယ်ဆိုးကြတယ် ကဲ ကဲ သွားတော့ ဆရာလည်း ကျောင်းဆင်းပြီ"
"နက်ဖြန်ထပ်တွေ့မယ် ဆရာ!!!!"
ကျောင်းသူကျောင်းသားတွေရဲ့နှုတ်ဆက်သံအပြီး၊
အခန်းထဲက ရစ်သီရစ်သီနဲ့ ထွက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေ...။ထူးဆန်းတာလေးတစ်ခုက အခန်းထဲမှာ ဆရာ မထွက်ခင်အထိ စာမေးဖို့ကျန်နေတဲ့ ကျောင်းသားလေးအမြဲရှိတယ်ဆိုတာပါပဲ...။
"ဆရာ ကျွန်တော်ဒါလေးနားမလည်လို့"
"အေး ဆရာရှင်းပြမယ်"
(စာရှင်းပြတာတွေက တက္ကသိုလ်ရဲ့ ပုစ္ဆာတွေဆိုတော့ အဖြိုးနားမလည်တာကြောင့် အကျယ်ဖြန့်ပြီးမရေးပြတော့ပါဘူးနော်)
ကျောင်းသားတွေရဲ့ မုန့်စားကျောင်းဆင်းချိန်က တကယ်ကိုအဖိုးတန်ပါတယ် ဒါပေမယ့် ဒီကောင်လေးအမြဲတမ်း နေ့တိုင်း မေးခွန်းတစ်ခုစီပြောင်းပြီးတော့ကို
နားမလည်တာ၊ဘာကြောင့်ဒီအဖြေရလဲ
ဒီကောင်လေးတစ်ယောက်ထဲ လာမေးတယ်"သား မင်းမုန့်သွားမစားဘူးလား တစ်ချို့ဆိုပြန်ကုန်ကြပြီလေ"
"ကျွန်တော်က အိမ်ရောက်မှ မေမေ့လက်ရာစားမှာဗျ...။"
အော် MAMA Boyလေးပဲကို၊
အတိတ်က ကျွန်တော်လည်းဒီလိုပုံစံဖြစ်ခဲ့တာကို...။
YOU ARE READING
Love Story Of Two Boys ||Complete||