Love Story Of Two Boys
Unicode
Part16
ယခုအပိုင်းသည် ဂင်မ်ဂျုံအင်နှင့်အိုဆယ်ဟွန်းတို့ ၂ယောက်ရဲ့သီးသန့်အပိုင်းဖြစ်ပါတယ်။
'ကျွန်တော်ပြန်နှင့်ပြီမို့
အစ်ကိုရှင်းကိုဂရုစိုက်ပေးပါ
ဆယ်ဟွန်းဆီသွားပြီဗျ။'ဂျုံအင်တစ်ယောက် အစ်ကိုရီရှင်းအတွက်
လမ်းခင်းပေးလိုက်တယ်
ဂျုံအင်ဘက်ကလည်း နစ်နာစရာမရှိ
ဘာလို့ဆို ဆယ်ဟွန်းကိုပိုင်ဆိုင်ရမှာကြောင့်။ဂျုံအင်လည်း ပတ်ချန်းယောလ်တို့အိမ်ကို သွားလိုက်တယ်။
ချန်းယောလ်တို့အိမ်သို့ရောက်သော်
*တီ တီ တီ တီ*
မားမားပတ်ကကားဟွန်းတီးသံ ကြားတာကြောင့် အပြင်ထွက်ကြည့်တော့
သား,ဂျုံအင်ရဲ့ကားပင်။ခြံတံခါးကိုဖွင့်ပေးလိုက်တော့
ကားကအထဲသို့ဝင်လာပြီး ရပ်လိုက်ကာ
သား,ဂျုံအင်ကထွက်လာတယ်။"အန်တီ ဆယ်ဟွန်းအိမ်မှာရှိလားဗျ"
"မရှိဘူး ဂျုံအင်ရဲ့
ဆယ်ဟွန်းကအန်တီတို့ဆီ ပြန်မလိုက်လာဘူး
သူ့တိုက်ခန်းမှာပဲ နေလိုက်မယ်ဆိုပြီး ဂျီကျလို့
မတတ်နိုင်ပဲ ထားခဲ့တာကွဲ့""ဗျာ အယ် အဲ့ဆိုရင် အားနာပါတယ်
ဆယ်ဟွန်းတိုက်ခန်းလိပ်စာလေး ပြောပြလို့ရမလားဗျ""ရတယ် ရတယ် ***** အဲ့နေရာပဲ passwordကတော့ အန်တီလည်းမသိဘူး"
"ဟုတ် ကျေးဇူးပါ အန်တီ ဒါနဲ့အိမ်မှာ အန်တီတစ်ယောက်ထဲလား ချန်းယောလ်ကော"
*သူကဟိုသေးသေးလေးနောက် လိုက်သွားတယ်* လို့ပြောချင်ပေမယ့်
"ယောလ်လီကသူငယ်ချင်းတစ်ယောက်နဲ့
အပြင်ကိုပါသွားတယ် သားရဲ့ အန်တီလည်းအလုပ်ရှိသေးလို့ သွားရအုံးမှာ""ဟုတ်ကဲ့ ဒါဆို ကျွန်တော်လိုက်ပို့ပေးမယ်လေ"
"ရတယ် ရတယ် အန်တီကားမောင်းတတ်တယ် ဆယ်ဟွန်းဆီသွားချင်နေတာမလား
သွားပါ သားရယ် တော်ကြာနောက်ကျနေမယ်"ဂျုံအင်လည်း ရှက်သွားသည်မို့ လည်ဂုတ်ကိုလက်နဲ့ပွတ်လိုက်ကာ
သွားလေးဖြီးပြပြီး
YOU ARE READING
Love Story Of Two Boys ||Complete||