Unicode
Love Story Of Two Boys
ဆေးရုံထဲကို လူနာတင်ကားမဟုတ်တဲ့ ကားတစ်စီးဝင်လာတယ်။
ဒီကားကိုရင်းနှီးနေသလိုခံစားရပေမယ့်
ဘယ်မှာတွေ့ဖူးလဲ ရီရှင်းမမှတ်မိဘူး။ကားထဲကနေ ဂျွန်မြောင်ဟာ အလျင်အမြန်ဆင်းပြီး
ဂျီယောင်းကို ဆွဲထူပြီးဆေးရုံထဲကိုခေါ်လာတယ်။
"ဟင် ဂျွန်က ဘယ်လိုလုပ်...။"
ရီရှင်းလည်း ကြောင်ကြည့်မနေပဲ ဂျွန်မြောင်ကိုသွားကူလိုက်တယ်။
သေချာကြည့်တော့မှ
အဲ့အချိန် ဂျွန်ကငိုနေခဲ့တာပဲ။
ဂျွန်ငိုတော့ ကိုယ်နာကျင်ရတယ်။~~~~~~~~~~~~~~~~~
ဆေးရုံထဲတွင်
"လူနာက ခေါင်းထိထားတယ်။ဓာတ်မှန်ရိုက်ဖို့အသင့်ပြင်။ သွေးတိတ်အောင်အရင်လုပ်ရမယ်။!!"
သူနာပြုတွေက ဂျွန်မြောင်ကို လူနာအနားမကပ်ဖို့တားတယ်။
ဂျွန်မြောင်ဟာ အတင်းဖယ်ပြီး
တိုးတယ်။"ဂျွန်…! ဂျွန် သတိထားပါအုံး ဂျွန် !!။"
ဂျွန့်ကိုစတွေ့တုန်း တည်ငြိမ်တဲ့ယုန်စွာလေးလို့ထင်ခဲ့တာ။
အခုဂျွန်ကမတူတော့ဘူး။ဂျွန်ကငိုနေတယ်။ဂျွန်နဲ့ အဲ့ဒီလူနဲ့ ဘယ်လိုတွေပတ်သတ်နေကြတာလဲ။
ကိုယ်ကတော့လက်မလျော့နိုင်ဘူး ဂျွန်။
ဘဝမှာလိုချင်တာမှန်သမျှ ရအောင်ယူခဲ့တဲ့ကိုယ့်အတွက်တော့
မင်းကိုလည်းလက်မလျော့နိုင်ဘူး ဂျွန်။"Mr.Zhang! သူဘာမှမဖြစ်လောက်ဘူးမလားဟင် ?။ ပြန်သတိရလာမှာပါနော်။"
ဂျွန်ဟာ သွေးပျက်နေခဲ့တယ်။မျက်နှာဟာဖြူဖတ်ဖြူရော်ဖြစ်နေတယ်။
အဲ့ဒီလူဟာတကယ်ပဲ ဂျွန်မြတ်နိုးရသူများလား ?။ရီရှင်း ဂျွန်မြောင်ကိုနွေးထွေးစွာဖက်လိုက်ပြီး
"အဆင်ပြေသွားမှာပါ ဂျွန်။သူအဆင်ပြေသွားမှာပါ အဲ့တာကြောင့် ဂျွန်မငိုနဲ့တော့နော်။ ဂျွန်ငိုတာ ကိုယ်မြင်ရတာတကယ်နာကျင်လို့ပါ။"
YOU ARE READING
Love Story Of Two Boys ||Complete||