Unicode
Love Story Of Two Boys
Part(4)
ဆယ်ဟွန်းနဲ့ချန်းယောလ် ကားပေါ်ကဆင်း၍
ဆိုင်ထဲမဝင်ခင်အချိန်လေးဂျုံအင်လည်း ကားပေါ်ကဆင်းကာ ဆယ်ဟွန်းဆီအပြေးသွား၍
"ဆယ်ဟွန်း"
အသံလာရာ ချန်းယောလ်ကြည့်မိတော့
"ဟိုကောင်"
ဆယ်ဟွန်းလည်းကြည့်လိုက်တော့
"ဟမ် ဂျုံအင်"
ဆိုင်ထဲဝင်လာတဲ့ သားနှစ်ယောက်ကိုကြည့်မိတော့
တစ်ယောက်က အံ့ဩနေတဲ့မျက်နှာ တစ်ယောက်က ဒေါသထွက်နေတဲ့မျက်နှာမို့
"ဘာဖြစ်ကြတာလဲ သားတို့"
အဒေါ်ကြီးတစ်ယောက်
ထွက်လာတာတွေ့တဲ့ ဂျုံအင်ဆယ်ဟွန်းနဲ့ပတ်ချန်းယောလ် အမေထင်တယ်ဆိုပြီး တွေး၍
"တွေ့ရတာဝမ်းသာပါတယ် အန်တီ ကျွန်တော့်နာမည် ဂင်မ်ဂျုံအင်ပါ"
နာမည်ကြားဖူးနေသလိုရှိပေမယ့် တစ်ခါမှမမြင်ဖူးတဲ့ လူငယ်လေးကို တွေ့သွားတဲ့ မားမားပတ်
"အေး အေး တွေ့ရတာဝမ်းသာပါတယ်ကွယ်"
ချန်းယောလ်တစ်ယောက် ဒေါသတွေထွက်လာကာ
"ဒီမှာ ညိုလုံး မင်းကိုဘယ်သူကမိတ်ဆက်ခိုင်းနေလို့လဲ?"
"ဗျာ"
"ဟဲ့သား ဘယ်လိုဖြစ်နေတာလဲ ဆိုင်လာတဲ့ဧည့်သည်ကို"
ဆယ်ဟွန်း ဂျုံအင်ဖြစ်သွားတဲ့မျက်နှာကော ချန်းယောလ်ခေါ်လိုက်တဲ့ နာမ်စားကော ကြားရတာ သိပ်အဆင်မပြေလှ ရီချင်တာတစ်ပိုင်းသေနေပြီ
"သူက ဆိုင်လာတာမဟုတ်ဘူး မားမားရဲ့ ဖွန်လာကြောင်တာ မားမားသား အိုဆယ်ဟွန်းကို ဖွန်လိုက်ကြောင်တာ!!"
"ချန်းယောလ် ဘာတွေလျှောက်ပြောနေတာလဲ ငါ့မျက်နှာလေးလည်းထောက်ပါအုံး"
"မဟုတ်လို့လား ငါပြောတာမှားလို့လား ဟျောင့် မင်းဖြေစမ်း ညိုလုံး"
ဂျုံအင် မဖြေခင် ဆယ်ဟွန်းကိုကြည့်မိတော့
နားရွက်လေးတွေကနီမြန်းနေပြီး ပါးမို့မို့လေးတွေကလည်း ဆေးချယ်စရာမလိုအောင် နီတာတာလေး
ဟုတ်တာပေါ့ အဲ့တာ သဘာဝအလှတရား အဲ့အလှတရားလေးကို မြင်ဖို့ နှစ်တွေကြာကြာစောင့်ခဲ့ရတာ...။
YOU ARE READING
Love Story Of Two Boys ||Complete||