Love Story Of Two Boys
Unicode
Part19
"ဒါဆို ဂင်မ်ဂျုံအင်အပေါ်တက်နေ ငါအိုဆယ်ဟွန်းနဲ့ပဲစကားပြောမယ်"
စကားကိုမနားထောင်ချင်ပေမယ့်
နားထောင်ရသည် ဆယ်ဟွန်းကလည်း 'ဘာမှမဖြစ်ဘူး အဆင်ပြေတယ်' ဆိုကာ
သူ့ကိုအပေါ်တက်ခိုင်းတယ်။အောက်ထပ်မှာဘာတွေပြောနေလဲ သိချင်လို့
ထကြည့်ဖို့လည်းအဆင်မပြေ ဘာကြောင့်ဆို
ချန်းယောလ်အမေ မားပတ်မီနာကလည်း
ဂျုံအင်ဘေးမှာရှိလို့နေတယ် ဟူးးးးးးးးး...။"သား ဂျုံအင် စိတ်မပူပါနဲ့ကွယ် မင်းအမေကသဘောကောင်းပါတယ်"
သဘောတော့ကောင်းတယ် မှန်တယ်
ဒါပေမယ့် အရွဲ့တိုက်လွန်းတယ်။"ဟုတ်ကဲ့ အန်တီ ကျွန်တော်နားလည်ပါပြီ"
"မင်းလို့မထင်ထားမိဘူး စစတွေ့တုန်းက နည်းနည်းရင်းနှီးနေတယ်လို့ခံစားမိတာ စကားပြောပုံ၊ဆိုပုံ အဲ့တာတွေက ဂယောင်းအင်နဲ့သွားတူနေတာ
ဂယောင်းအင်ကသူနိုင်ငံခြားကို ပြန်မလာခင်
အန်တီကိုဆက်သွယ်လာတယ်""ဒါဆို မေမေကအကုန်လုံးကိုသိနေခဲ့တာလား"
"ဟုတ်တယ် ဂျုံအင် သားမေမေကသားကိုချစ်ပါတယ်ကွယ်"
ဂျုံအင်ဘာမှပြန်မပြောမိ
မေမေကအကုန်သိနေခဲ့တာပဲ
မေမေကနိုင်ငံခြားမှာနေတာ သား၂ယောက်ရဲ့အခြေအနေကို မသိဘူးဆိုတာမရှိခဲ့ဘူးဂျုံအင်နဲ့ဘတ်ခ်ဟျွန်းရဲ့ သတင်းကိုအဆက်မပြတ်စောင့်ကြည့်တယ်
ပြဿနာဖြစ်ရင်ဝင်မပါဘူး သားတွေကိုယုံတယ်ပဲဆိုရမည်။ဖြေရှင်းနိုင်တယ်ဆိုတာကို ခေါင်းထဲရိုက်သွင်းခံခဲ့ရတယ်
သန်မာရမယ် ကြံ့ခိုင်ရမယ်ဆိုတာကို
အမြဲတမ်းကြားခဲ့ရတယ်။'မေမေကသား၂ယောက်လုံးကို မပျော့ညံ့စေချင်ဘူး' မေမေပြန်လာတိုင်း ပြောနေကျစကားတစ်ခွန်း။
မေမေကနွေးထွေးမှုမရှိဘူးဆိုရင်တော့
လိမ်ရာကျမည် နိုင်ငံခြားမှာနေတယ်
သားတွေတစ်ခုခုကြုံရင် ဆိုင်းမဆင့်ဗုံမဆင့်
ပြန်လာပြီး ပြဿနာဖြေရှင်းလို့ပြီးတဲ့အထိ
ကိုရီးယားမှာနေတယ် ပြဿနာထဲကိုတော့ဝင်ပါလေ့မရှိဘူး။
YOU ARE READING
Love Story Of Two Boys ||Complete||