Love Story Of Two Boys
Unicode
Part17
ဒီအပိုင်းမှာ ချန်းယောလ်နှင့်ဘတ်ခ်ဟျွန်းတို့ရဲ့ သီးသန့်နှစ်ယောက်တွဲအပိုင်းဖြစ်ပါတယ်နော်။
ခွေးစာတွေအပြည့်အဝစားကြတာပေါ့🌚။
.
.
.
.ချန်းယောလ်တို့ ဆေးရုံကနေပြန်လာတော့
ဆယ်ဟွန်းကသူ့တိုက်ခန်းမှာပဲ ဝင်နေခဲ့မည်ဟု ဂျီကျသောကြောင့် မားကလည်းခွင့်ပြုတယ်။ဒါကြောင့် မားကိုအရင်အိမ်ပြန်ပို့ပြီး
ဆယ်ဟွန်းကိုလည်းတိုက်ခန်းရှေ့မှာချပေးခဲ့တယ်။ကားပေါ်မှာ ကျန်ခဲ့သည်က ချန်းယောလ်နဲ့ချာတိလေးပင်..။
"ချာတိတ် အိမ်မှာဘယ်သူရှိလဲ"
"မရှိဘူး သားတစ်ယောက်ထဲ"
"ကျစ် ကလေးကိုတစ်ယောက်ထဲထားရလား
ဂင်မ်ဂျုံအင်ကတော့"တစ်ယောက်ထဲကြားရုံမျှသာ တီးတိုးပြောမိတယ် နောက်မှ ဂင်မ်ဂျုံအင်မှတ်သွားအောင် ချာတိတ်ကိုခိုးပြေးအုံးမယ် ဟွန့်။
"ဘာလို့လဲဟင်"
"တူတူနေပေးမလို့ ညနေကဖြင့်စောင်းတော့မယ် ကလေးတစ်ယောက်ထဲ"
"သားတစ်ယောက်ထဲနေနေကျလေ တစ်ခါတစ်လေ ကိုကြီးနောက်ကျရင် တစ်ယောက်ထဲပျင်းစရာကြီးဗျ"
"ဒီနေ့တော့ ပျင်းစရာမကောင်းတော့ဘူး ဘေဘီကို ဦးကအဖော်ပြုပေးမယ်"
"ဘယ်လိုတွေခေါ်နေတာလဲ"
"ဘေဘီလို့ခေါ်တာ ဘာမှားလို့လဲ ထပ်ကြားချင်တာလား"
မီးပွိုင့်မိနေသည်မို့ ကားရပ်ထားရပြီး
ဘတ်ခ်ဟျွန်းဆိုတဲ့ ချာတိတ်လေးရဲ့
မျက်နှာကို သေချာကြည့်ကာ ကလူကျီစယ်ချင်၏.."ဘေဘီ ဦးကိုကြည့်လေကွာ"
ချာတိတ်မျက်နှာမြင်ချင်တာကြောင့် ချာတိတ်ထိုင်နေတဲ့ဘက်ကို လိုက်ကြည့်မိတော့ ချာတိတ်ကအဖက်တောင်မလုပ်ပေ။
"တကယ်ကြီးလား အဲ့လိုကြီးလုပ်နေမှာလား
ဦးကိုပစ်မထားနဲ့လေကွာ""ဘေဘီ~~ ဒီကိုကြည့်အုံးလို့"
*တီ တီ တီ*
မီးပွိုင့်စိမ်းသွားသည့်နှယ့် နောက်ကကားများကတော့ ထုံးစံအတိုင်း
ကားဟွန်းများကို ကျယ်လောင်စွာတီးကြတယ် ပတ်ချန်းယောလ်ကတော့ ဖုတ်လေတဲ့ငပိလောက်တောင် ဂရုမစိုက်။
YOU ARE READING
Love Story Of Two Boys ||Complete||