LSOTB(Part11)

237 29 68
                                    

Unicode

Love Story Of Two Boys

Part11

အချစ်ကတော့ ပျော်ရွှင်မှုတစ်ခုပါပဲ...။
အချစ်မရှိခဲ့ရင်တောင် လူတွေကနေနိုင်တယ်ပြောကြပေမယ့်

ချစ်မိသွားပြီဆိုရင်တော့ မင်းပြောခဲ့တဲ့စကားတွေကို နောင်တရနေလိမ့်မယ်။

ချစ်ကြည့်ပါ မင်းရဲ့ရင်ခွင်တံခါးကိုဖွင့်ပေးထားပါ။

မင်းရဲ့နောက်ထပ်ကမ္ဘာတစ်ခုကြီးကို မြင်ရလိမ့်မယ်။ မင်းရဲ့ပျော်ရွှင်မှုကိုနှစ်ဆဖြစ်အောင် လုပ်လိုက်ပါ။

~~~~~~~~~~~~~~~~~

တစ်ဖက်ဆေးရုံတွင်

"ဂျုံ...အင်~"

"ဟင် ??။ဆရာ ဆယ်ဟွန်း ?!!!"

"ဆယ်ဟွန်းး!!! ကလေးလေး!! အစ်ကိုပါ။ကလေးလေး သတိရလာပြီ။"

မားမားပတ်လည်း ဆေးရုံအခန်းထဲကထွက်ပြီး ဆရာဝန်တွေကိုသွားခေါ်ခဲ့တယ်။

ဆရာဝန်တွေကတော့ အခြေအနေကောင်းလာပြီ။

သတိလည်းပြန်ရလာပြီး
တကယ်လို့ ဆေးရုံမှာမနေချင်တော့ဘူးဆိုရင်
ဆေးရုံဆင်းလို့ရပြီပြောတယ်။

ဒါပေမယ့် တစ်ရက်နှစ်ရက်လောက် ဆေးရုံမှာနေနေတာကပိုကောင်းတယ်
လို့လည်းပြောတယ်။

"ဟို~ ကျွန် တော် ဆေးရုံမှာ မနေချင်ဘူး။"

ကာယံကံရှင်ရဲ့စိတ်ဆုံးဖြတ်ချက်အရ
ဆေးရုံဆင်းဖို့ကိုပဲသဘောတူလိုက်ကြတယ်။

စားရမယ့်အစားအစာတွေ စားလို့မရသေးတဲ့အစားအစာတွေ

ဘယ်လိုနေရမယ် ဘယ်အချိန်အိပ်ရမယ်ကအစ ဆရာဝန်ကပြောပြီး မှာခဲ့တယ်။

တစ်ပတ်တစ်ခါ လူနာရဲ့အခြေအနေကို တင်ပြရမယ်လို့လည်းပြောတယ်။

လူနာသက်သာလာတာနဲ့အမျှ
ဆရာဝန်က တားမြစ်ထားတာတွေကို
ပြန်ခွင့်ပြုမယ်ပြောတယ်။

ဆယ်ဟွန်းရဲ့အာရုံကတော့ ဆရာဝန်တွေဆီမှာမရှိပဲ တံခါးအပေါက်ဝမှာတောင့်တောင့်ကြီး ရပ်နေတဲ့လူမည်းကြီးနှစ်ယောက်ဆီကို ကျရောက်နေခဲ့တယ်။

Love Story Of Two Boys ||Complete||Where stories live. Discover now