Love Story Of Two Boys
Unicode
Part20
မနက်၉နာရီခွဲ
လက်မောင်းနာကျင်မှုကြောင့် နိုးလာတဲ့ချန်းယောလ်
ချန်းယောလ်လက်မောင်းခေါင်းအုံး
ရင်ခွင်ထဲအတင်းတိုးဝင်နေတဲ့ ဘေဘီကချစ်ဖို့ကောင်းတယ်နိုးနိုးချင်း ချစ်ရသူမျက်နှာမြင်ရတာကလည်း
ကြည်နူးပျော်ရွှင်မှုတစ်ခုပင်..။မနေ့ကကျောင်းရှေ့မှာကြမ်းခဲ့ပြီး
အိမ်ပြန်မပို့တော့ဘူးပြောတော့ ချန်းယောလ်ခေါ်ရာနောက်လိုက်ခဲ့တဲ့ ဘေဘီက ကားပေါ်မှာပဲအိပ်ပျော်သွားတယ်။အိမ်ရောက်မှသေချာ သန့်ရှင်းရေးလုပ်ပေးတော့ ကိုယ်ငွေ့နွေးနွေးလေးတွေကို ခံစားရတယ် ကလေးလေးကဖျားနေပြီ
ရေဝတ်ကို နဖူးပေါ်တင်ပြီး ဆရာဝန်ခေါ်ဖို့လုပ်နေချိန်မှာပဲ
"ဦး~~ အဟင့်~"
လက်တွေကိုလည်း ယောင်ယမ်းကာ ဟိုစမ်းဒီစမ်းနဲ့ ဘေဘီကသူ့ကိုရှာနေပုံ
အိမ်မက်ယောင်နေပြန်ပြီထင်ပါရဲ့အနားကိုသွားကာ လက်သေးသေးသွယ်သွယ်လေးကို ဆုပ်ကိုင်မိတော့
ချန်းယောလ်လက်ကို တင်းကြပ်စွာပြန်ဆုပ်ကိုင်လာတယ်ကုတင်ပေါ်ဝင်လှဲ ရင်ခွင်ထဲထည့်
နွေးထွေးမှုပေးနိုင်အောင် တင်းကြပ်စွာဖက်ထားမိတယ်။____________________________
အချိန်မှာ ည၇နာရီ
ဘတ်ခ်ဟျွန်းတစ်ယောက် တင်းကြပ်စွာဖက်ခံထားရတာကို ခံစားမိပြီးနိုးလာတော့
ရင်ခွင်ကျယ်ကြီးကိုတွေ့လိုက်ရတယ်ကိုယ်သင်းနံ့လေးတွေကြောင့်
ဦးမှန်းချက်ချင်းတန်းသိ
ဦးကိုမော့ကြည့်မိတော့ အင်း...ယောကျာ်းပီသတဲ့ဦးရယ်ပါ
မျက်နှာသေးသေးလေးမှာ ဖြစ်တည်နေတဲ့အစိတ်အပိုင်းလေးတွေ
ထူထူထဲထဲနှုတ်ခမ်းတစ်စုံ
နားရွက်ကားကားလေးတွေ
အကုန်လုံးကိုဘတ်ခ်ဟျွန်းမြတ်နိုးရပါတယ်~။နာရီကိုကြည့်မိတော့ ၇နာရီကျော်
ကျောင်းကနေပြန်ရောက်တော့ ညနေ၅နာရီ
ဘတ်ခ်ဟျွန်းတော်တော်အိပ်လိုက်တာပဲ
YOU ARE READING
Love Story Of Two Boys ||Complete||