Unicode
Love Story Of Two Boys
Part8
အဲ့ဒီနေ့တုန်းကပေါ့ ဆေးရုံမှာပျာယာခတ်နေခဲ့တဲ့ လူနာစောင့်၃ယောက်ရှိခဲ့ပြီး ကုတင်ပေါ်ကလူနာကတော့ တည်ငြိမ်အေးချမ်းစွာ သတိမေ့မြောနေခဲ့တယ်တဲ့။
တစ်ဖက်မှာ ရုံးဆင်းချိန်ထိ ရောက်မလာသေးတဲ့ လူတစ်ယောက်ကိုစောင့်နေခဲ့တယ်တဲ့။
လွန်ခဲ့တဲ့၁၀နှစ်ကျော်လောက်ကနေ့လိုပဲ ဒီနေ့မှာလည်း မိုးတွေသည်းထန်စွာရွာသွန်းနေခဲ့တယ်တဲ့။
ဂျုံအင် ငါ့ကိုတကယ်ချစ်တာလား
မင်းကိုတကယ်ယုံလို့ရမလား
ငါကြောက်နေတယ်ထင်တယ်
အဲ့လိုမျိုးထပ်ဖြစ်မှာကို...။အင်း တကယ်ချစ်တာပေါ့ အချစ်ရယ်
ဒီတစ်ခါတော့ တကယ်ယုံကြည်ပေးပါ
မင်းမကြောက်တော့အောင် ကိုယ်ပြည့်ပြည့်ဝဝအချစ်တွေပေးမှာပါ...။
.
.
.ဆေးရုံတွင်
"ဆရာ ဆရာ အခြေအနေ"
"အခြေအနေကတော့ လူနာကထိတ်လန့်တာကြောင့်ကော သွေးအားနည်းတာကြောင့်ကော အကုန်ပေါင်းပြီးဖြစ်သွားတာ အရမ်းကြီးမစိုးရိမ်ရပေမယ့် သတိထားနေဖို့တော့ပြောချင်ပါတယ်"
ထို့သို့ပြောပြီး ဆရာဝန်လည်း လူနာခန်းထဲကနေထွက်သွားခဲ့တယ်။
"ဘယ်လိုဖြစ်ရတာလဲ သားတို့ရယ် မားမားမှာဖုန်းကိုင်,ကိုင်ချင်း ကြားလိုက်ရတာ စိတ်ထဲမကောင်းလိုက်တာ"
မားမားပတ်ဆေးရုံကိုရောက်လာခြင်းပင်။
"အားနည်းတာကြောင့်လို့ပြောတယ် မားမားပတ်"
အကြောင်းစုံကိုတော့ ပြောပြမနေတော့ပါဘူး မားမားပတ်သိသွားရင်လည်း မားမားပတ်ပဲခေါင်းကိုက်ရမှာမို့လို့ Yixingတွေးလိုက်မယ်တယ်။
"ဒါနဲ့ချန်းယောလ်လီကော သားရီရှင်း"
"ချန်းယောလ်က ဆန်ပြုတ်၊စားလို့လွယ်တဲ့ဟာ တစ်ခုခုသွားဝယ်နေတာ ဟွန်းနီးနိုးလာရင် အဆင်သင့်စားလို့ရအောင်"
"အင်း အင်း မင်းလည်းထိုင်အုံး ဘာစားပြီးပြီလဲ"
"ရပါတယ် ကျွန်တော်ကဘာမှမဖြစ်ဘူး ဟွန်းနီးလေးနိုးလာရင်ပဲရပါပြီ"
YOU ARE READING
Love Story Of Two Boys ||Complete||