MELODY [U]

18 2 0
                                    

M E L O D Y

ကျွန်မ မုန်းသောအရာတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါသည်။ သို့သော် မုန်းတီးမိသမျှထဲတွင် အမုန်းဆုံးအရာကတော့ ဝယ်ထားပြီး တစ်လမပြည့်တတ်သေးခင် နားကြပ်ပျက်သွားသည်ကိုပင်။ လူတွေနှင့် လက်ပွန်းတတီး ရောနှောနေရတာ မကြိုက်ပါဘူးဆိုမှ နားကြပ်ကို ထွက်ဝယ်ရသေးသည်လေ။ ပိုဆိုးတာက နားကြပ်ဆိုတာက ရိုးရိုး grocery store မှာ ဝယ်လိုက်လို့ရတဲ့ ပစ္စည်းမျို မဟုတ်ပဲ တကူးတကသွားဝယ်ရသည့် ပစ္စည်းမျိုးဆိုတော့ ပိုတောင် ဆိုးသေးသည်။

ဧပြီလ ဒုတိယပတ်သို့ ရောက်လာပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင်က အရင်ကလောက် မအေးတော့ဘူးဆိုသော်လည်း ရန်ကုန်တွင် တစ်သက်လုံးနေလာရသော ကျွန်မအဖို့တော့ ကိုရီးယားနိုင်ငံ၏ လတိုင်းလတိုင်းသည် အေးစက်သော ရက်သတ္တပတ်များနှင့် ဖွဲ့စည်းထားသော မပြီးဆုံးနိုင်သည့် ဆောင်းရာသီသာ ဖြစ်သည်။ ဆယ့်သုံးဒီဂရီလောက်က မတက်လာသော အအေးဒဏ်ကို မခံနိုင်သူပီပီ long coat, မာဖလာ၊ ခေါင်းစွပ်၊ လက်အိတ်စသည့် လက်နက်အပြည့်အစုံနှင့်အတူ နားကြပ်ဝယ်ရန် အပြင်ထွက်လာသည့် ကျွန်မ၏ပုံစံက ပင်ဂွင်းသဖွယ် ဖြစ်နေသည်။

Headphone ကို လည်ပင်းမှာ ချိတ်ရင်း နားကြပ်ဝယ်နေကျ ဆိုင်ခန်းထဲကို လှမ်းဝင်လာမိတော့ ဆိုင်ဝန်ထမ်းတွေက လှည့်ကြည့်သည်။ Headphone ကို နားရွက်ကာမိသည်အထိ ဆွဲတင်ပြီးသည့်နောက်တော့ အကြည့်တွေကို ဥပေက္ခာပြုကာ လိုချင်သည့် နားကြပ်ကို လိုက်ရှာရတော့သည်။

ကျွန်မ၏ စိတ်အာရုံကို ဖမ်းစားသွားသည်က အလျားတစ်ထွာလောက်ရှိမည့် ဘူးရှည်လေးတစ်ဘူးဖြစ်သည်။ ဘူးအပေါ်တွင်တော့ အနက်ရောင် အင်္ဂလိပ်စာလုံးလေးများ ထင်းနေ၏။

"Couple earphones?"

ဘူးရှည်ကို လက်အလှမ်းမှာ ကျွန်မရဲ့ လက်တွေက လက်ချောင်းရှည်ရှည်အချို့နှင့် တိုက်မိသွားသည်။ လက်သည်းကြည်ကြည်တွေကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ဘေးကို လှည့်ကြည့်မိတော့ မျက်ခုံးနှစ်ဖက် အလိုလိုပြေကျသွားသည်။

"Nabi."

Baekhyun က နာမည်ခေါ်ပြီးမှ ချောင်းအနည်းငယ်ဟန့်ရင်း သူ့လက်သူ့ ပြန်ရုတ်သည်မို့ ကျွန်မလည်း ကိုယ့်လက်ကိုယ် အနွေးထည်အိတ်ကပ်ရှည်ထဲ ပြန်လည် ထိုးထည့်ထားလိုက်ရသည်။

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Nơi câu chuyện tồn tại. Hãy khám phá bây giờ