WINGS [U]

41 3 0
                                    

W I N G S

ကိုရီးယားမြေပေါ်သို့ တစ်ကိုယ်တော် ခြေချရင်း ကိုရီးယားလေထုကို ပထမဆုံးအကြိမ်အဖြစ် လွတ်လွတ်လပ်လပ် ရှူသွင်းမိသည့် အချိန်တွင် ကျွန်မ၏အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ကိုရီးယားသွေးပါသည့် ကျွန်မသည် ဆိုးလ်မြို့သို့ ခဏတာအလည်ရောက်ဖူးသော်လည်း ကိုယ့်ခြေထောက်ပေါ်တွင် ကိုယ်ရပ်နိုင်သော အနေအထားမျိုးနဲ့တော့ မဟုတ်ခဲ့။

ကိုရီးယားမှာ အထက်တန်းကျောင်း ဆက်တက်ဖို့ ဆုံးဖြတ်လိုက်ပြီးသည်မှ စ၍ ကျွန်မရဲ့ဘဝမှာ အရေးအကြီးဆုံးသော အစိတ်အပိုင်းက ပညာဖြစ်လာခဲ့သည်။ သို့သော် ကျွန်မဘဝ၏ များစွာသော အစိတ်အပိုင်းများထဲတွင် နေရာယူနေဆဲရှိသည့်အရာကတော့ အနုပညာဖြစ်သည်။ အထူးသဖြင့် သီချင်းဆိုခြင်းပင်။

ဒါကြောင့်လည်း ဆေးတက္ကသိုလ် တက်ရမည်ဆိုသော အိမ်က လူကြီးတွေအဆိုကို ဆန့်ကျင်ကာ ကိုရီးယားသို့ ရောက်လာခြင်းပင်။ ကျွန်မက မိဘလောင်းရိပ်အောက်မှာ ကိုယ်မနှစ်သက်သည်ကို လုပ်ရမည်ထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ ဝါသနာပါရာကို လုပ်ဖို့ ပိုစိတ်အားထက်သန်သည်လေ။

Eun Byeol နှင့် သူငယ်ချင်းတွေ ဖြစ်လာပြီးသည့်နောက်တွင်တော့ ကျွန်မရဲ့ အိပ်မက်ဆီ ပိုမိုနီးကပ်လာသလို ခံစားလိုက်ရသည်။ ထင်မှတ်မထားစွာပဲ ကျွန်မအိပ်မက်တွေ အမှန်တကယ် ဖြစ်ကို ဖြစ်လာရမည်ဟု အမြဲတမ်း အားပေးတတ်သည့် Eun Byeol က ကျွန်မဘက်က အမြဲတမ်း ရပ်တည်ပေးပြီး ကျွန်မ အားကိုးရသော သူငယ်ချင်းကောင်းတစ်ဦး ဖြစ်လာခဲ့သည်လေ။

ကျွန်မ၏ အိပ်မက်နှင့် ပတ်သက်ကာ Eun Byeol နှင့် ဆွေးနွေးဖူးသည့် အခိုက်အတန့်တစ်ခုရှိခဲ့ဖူးသည်။ ထိုစဉ်က ကျွန်မကို စူးစိုက်ကြည့်ရင်း ပြောခဲ့ဖူးသည့် Eun Byeol ၏ စကားတွေကို ကျွန်မအခုထိ ယောင်လို့ပင် မေ့မရသေးချေ။

"Nabi ya. လိပ်ပြာတွေရဲ့ အလှဆုံးနဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းက အတောင်ပံတွေပဲ။ နင်သိပါတယ်... နင့်မှာလည်း အတောင်ပံတွေရှိတယ်လို့ ငါယုံတယ်"

အဲ့စကားကို ကြားတုန်းကတော့ ကျွန်မ ဟက်ဟက်ပက်ပက် ရယ်မိတော့မလို့ပင်။ ဒါပေမဲ့ ပုံမှန်ဆို ရယ်စရာတွေပြောကာ ပြုံးရွှင်နေတတ်သည့် Eun Byeol ပုံစံက လုံးဝ serious ဖြစ်ကာ တည်ငြိမ်နေသည်မို့ ကျွန်မ ကိုယ့်ပါးစပ်ကိုယ်ပိတ်ကာ ငြိမ်နားထောင်နေခဲ့ရတာ မှတ်မိသေးသည်။

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Donde viven las historias. Descúbrelo ahora