BLOSSOMS [U]

18 3 0
                                    

B L O S S O M S

နွေရာသီကျောင်းပိတ်ချိန် နီးလာသည်နှင့်အမျှ ခေါင်းထဲ ဝင်လာတာက နွေရာသီပွဲတော်အကြောင်းပင် ဖြစ်သည်။ ကျောင်းကပွဲမတိုင်ခင် တစ်နေ့တွင် ပြုလုပ်နေကြ စုံညီပွဲတော်မှာ မနှစ်ကအတိုင်း Eun Byeol က တယောတီး၍ ကျွန်မက သီချင်းဆိုမည့်အစီအစဉ်ရှိသည်လေ။ မနှစ်က ကျွန်မတို့ ဆိုသည့်သီချင်းက ခပ်အေးအေး အလွမ်းသီချင်းတစ်ပုဒ် ဖြစ်သည်။

မနှစ်က သီချင်းကို ဒီနှစ်ပြန်ဆိုဖို့တော့ စိတ်ကူးမရှိတာကြောင့် တစ်နေ့ နေ့လယ်စာစားသည့် အချိန်တွင် ကျွန်မနှင့် Eun Byeol တို့ ဒီနှစ်အတွက်ဆိုဖို့ သီချင်းရွေးနေကြမိသည်။ ကျွန်မ ထမင်းတစ်လုတ်စီကို သေချာစားနေချိတ်တွင် အစားမြန်သော Eun Byeol က ဘေးနားတွင်ထိုင်ကာ သူ့ဖုန်းကိုပွတ်လျက် သီချင်းနာမည်တွေ ထိုင်ပြောပြနေသည်။

"အင်္ဂလိပ်သီချင်းဆိုဟာ။ နင်လည်း ရတာပဲ။ Moments."

"Ed? နောက်မနေစမ်းပါနဲ့၊ နင်အဲ့ဒါကို တယောထိုးနိုင်လို့လား"

"အထင်သေးလှချည်လား... နင်မဆိုတတ်လို့မလား"

"ဟုတ်တယ်၊ နောက်တစ်ပုဒ်သာရွေး"

Eun Byeol က မျက်စောင်းတစ်ချက်ထိုးကာ သူ့ဖုန်းဆီ မျက်နှာပြန်ရောက်သွားသည်။

"Moonlight Shadow ဆိုရင်ရော? အဲ့သီချင်းက တယောထိုးလို့ကောင်းတယ်ဟ"

"ဆိုရတာ အဓိပ္ပါယ်မရှိဘူးဟ။ Feel မလာဘူး"

Eun Byeol က စိတ်လေဟန်နှင့် စိုက်ကြည့်လာသည်။

"ကိုယ့်ဘာသာ သီချင်းရှာမယ်မရှိဘူး၊ ငါပြောသမျှကိုတော့ ပယ်ချနေတယ်။ တော်ပြီ၊ နင်ပဲရှာတော့"

"Eun Byeol ကလည်း... လိမ္မာပါတယ်ဟ၊ ဆက်ရှာနော်"

ကျွန်မက အဲ့ဒီ့လိုအလုပ်မျိုးတွင် စိတ်ရှည်သူမဟုတ်တာကြောင့် Eun Byeol ကို ပြန်ပြီး မျက်နှာချိုသွေးရသည်။

"အဲ့ပြဿနာကို ငါဖြေရှင်းပေးမယ်လေ"

ရုတ်တရတ် Eun Byeol ဘေးနားရောက်လာကာ Byeol ဘေးက ခုံနေရာလွတ်မှာ ရွှတ်ခနဲ ဝင်ထိုင်ပြီးပြောသည့် Chanyeol ကြောင့် နှစ်ယောက်လုံး လန့်သွားမိသည်။ Chanyeol ကတော့ သူ့ထုံးစံအတိုင်း သွားတွေတန်းနေအောင် ပြုံးလျက်ပင်။

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Tempat cerita menjadi hidup. Temukan sekarang