COLOURS [U]

22 3 0
                                    

C O L O U R S

ကိုရီးယားတွင် နေစရာအိမ်တစ်လုံးရှာရသည်မှာ မလွယ်သည်မို့ ကျောင်းလာတက်ကတည်းက အဒေါ့်အိမ်မှာ အဒေါ်နှင့်အတူနေသည်။ အမေ့ညီမဖြစ်သော ဒေါ်လေးသည် လက်တွေ့ဆန်သော်လည်း အခြားသော ဆွေမျိုးတွေထက် ကျွန်မကို ပိုချစ်သည်။ အိပ်မက်ဆန်သော ကျွန်မရဲ့ ရည်မှန်းချက်ကို ကြားပြီးသော်လည်း ဘာမှဝေဖန်ခြင်းမရှိတာမို့ ဒေါ်လေးကို ကျွန်မလည်းချစ်သည်။

ကျောင်းကိစ္စ၊ ကျူရှင်ကိစ္စ၊ အလုပ်ကိစ္စကို ကူညီပေးသော ဒေါ်လေးအိမ်မှာနေရသည့်အတွက် ကျွန်မလုပ်ရသည်က များများစားစားမရှိ။ တစ်ခါတစ်လေ သန့်ရှင်းရေး လုပ်ရသည်၊ တစ်ခါတစ်လေ ဟင်းချက်ရသည်။ သို့သော် အမြဲတမ်းလုပ်ရတာတော့ ရှိသည်၊ တစ်ပတ်နှစ်ခါလောက် အိမ်သုံးပစ္စည်း၊ တစ်ပတ်စာဟင်းစာတွေ သွားဝယ်ရတာပင်။

"ပြန်ရောက်ပါပြီ"

၁၀ နာရီတည်းက အိမ်ပြင်ရောက်နေသည်မို့ ညနေ ၄ နာရီ အိမ်ပြန်ရောက်တော့ လူက နည်းနည်း ပင်ပန်းနေပြီ။ ကျူရှင်က ပြန်လာရုံတင်မက မနက်အစောကြီး စာလည်းထလုပ်ရသေးသည်ကိုး။ လက်ထဲပါလာသည့် အထုပ်ကြီးအထုပ်ငယ်ကြောင့် ပိုတောင်စိတ်ညစ်မိသေး။

"ဪ! နာဘီပြန်ရောက်ပြီလား"

ကြားရလိမ့်မည်ဟု မထင်မှတ်ထားသော အနှီ Byun Baekhyun အသံကြောင့် ကျွန်မလက်ထဲက အထုပ်တွေ ပြုတ်ကျမတတ်ပင်။ Baekhyun က ကျွန်မ လက်ထဲက အထုပ်တွေကိုဆွဲကာ နောက်ဖေး ပြေးဝင်သွား၏။

"ဒေါ်လေး! နာဘီပြန်ရောက်ပြီ"

ဘာ... ဘာလား??

ကြောင်တောင်တောင်ဖြစ်နေသည်မို့ ညှပ်ဖိနပ်လေးကိုပင် မချွတ်နိုင်သေးပဲ ရပ်ကြည့်နေမိသည်။

"ဝင်လေ၊ နာဘီ။ ဟင်းတောင်ချက်နေပြီ"

မီးဖိုချောင်ထဲရောက် တော့ မြင်ရသည့် ဒေါ်လေးမျက်နှာက ကြည်လို့။ Baekhyun နဲ့ ညနေစာအကြောင်း စကားစပ်နေကြသည်။ ဝင်းနေသော Baekhyun မျက်နှာမှာ သူ့ရဲ့ ပျော်ပျော်နေတတ်သော စရိုက်က ထင်းနေအောင် ပေါ်နေသည်။

"နာဘီ၊ ခဏနေ ထမင်းစားလို့ရပြီသိလား"

"Baekhyun ssi က ကျွန်မရဲ့အိမ်ကို ဘာလို့ကြွလာရတာလဲရှင့်"

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Nơi câu chuyện tồn tại. Hãy khám phá bây giờ