TUNES [U]

19 3 0
                                    

T U N E S

ပွဲတော်နေ့ရောက်ဖို့ တစ်ပတ်သာလိုတော့သည့် နေ့ဖြစ်သည်။ မနေ့ည သီချင်းဆိုလေ့ကျင့်ကာ Eun Byeol ရဲ့ အိမ်ကနေ ပြန်လာကတည်းက ရေတွေချည်းဖိသောက်ပြီး အိပ်လိုက်တာ မနက်ကိုးနာရီမှပင် နိုးတော့သည်။ အသံမနာနေတာပင် ကံကောင်းသည်ဟု ဆိုရမည်။

Chanyeol တို့ ဆိုင်ကိုခြေချမိတော့ ညနေလေးနာရီရှိပြီ။ သီချင်းဆိုလေ့ကျင့်ဖို့ ရှိသေးသည့် ကျွန်မကို သူတို့က အနားယူခိုင်းထားသည်မို့ သူတို့သီချင်းတီးတာကို လာကြည့်ရုံသက်သက်ပင် ဖြစ်သည်။ အိမ်စာကိုတော့ လုပ်ချင်သလိုလို မလုပ်ချင်သလိုလိုနှင့် စားပွဲတွင်ထိုင်ကာ ပျင်းရိပျင်းတွဲ စာလုပ်နေမိသည်။

ထူးဆန်းစွာ ငါးနာရီထိုးသည်အထိ သီချင်းမဆိုသေးတော့ စင်ကိုလှမ်းလှမ်း အကဲခတ်နေမိသည်။ ဒါကိုမြင်တော့ ကျွန်မနှင့် အတော်ကြီးရင်းနှီးနေပြီဖြစ်သည့် စားပွဲထိုးလုပ်နေသည့် အစ်မကြီးက ကော်ဖီတစ်ခွက် ထပ်ချပေးရင်း အသိပေး၏။

"Chanyeol တို့ ဒီနေ့ လာမတီးဘူးတဲ့။ သွားစရာရှိလို့ဆိုလား။ Baekhyun ကတော့ ခဏနေရင်လာမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ စန္ဒရားတော့ မတီးဖြစ်တော့ဘူးတဲ့လေ"

ငါးနာရီခွဲမှာ ဆိုင်အတွင်းသို ခြေချလာသည့် Baekhyun က ဆိုင်ထဲ ရောက်ရောက်ချင်း ကျွန်မကို လက်လှမ်းပြသည်။ Baekhyun ရဲ့ နားထဲမှာတော့ တစ်ချိန်က လုခဲ့ရဖူးသည့် couple earphone ပန်းရောင်လေး ရှိနေသည်။

"Nabi. နေကောင်းတယ်နော်"

အနည်းငယ် ထူးဆန်းနေသည့် မျက်နှာထားနှင့် နှုတ်ဆက်လာခဲ့သည့် Baekhyun ကို ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။ ပုံမှန်ဆို တတွတ်တွတ် စကားပြောနေတတ်သည့် Baekhyun က အခုတော့ အလ္လာပသလ္လာပပင် မပြောပဲ လက်အချင်းချင်း ပွတ်လို့မပြီးတော့ချေ။

ကော်ဖီလာချပေးသည့် စားပွဲထိုးကိုပင် ခါတိုင်းလို ပြုံးပြခြင်းမရှိတာမို့ ကျွန်မ ပိုစိတ်ဝင်စားနေမိသည်။ နားရွက်ဖျားတွေ အနည်းငယ်ရဲတွတ်လာသော Baekhyun ဘာကိစ္စကြောင့် စိတ်လှုပ်ရှားနေရသလဲလည်း နားမလည်နိုင်အောင်ရှိသည်။

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Where stories live. Discover now