나비노래 [Z]

2.8K 226 8
                                    

나 비 노

သီချင်းတစ်​ပုဒ်​တိုင်းမှာ ပုံပြင်​တစ်​ပုဒ်​စီ ရှိတယ်​တဲ့။

လိပ်​ပြာ​လေးရဲ့ သီချင်းမှာလည်း အိပ်​မက်​ဆန်​တဲ့ ပုံပြင်​​လေးတစ်​ပုဒ်​ ရှိ​နေခဲ့တယ်​​လေ...

#나비노래

~-•- 나비노래 -•-~

ကျွန်​မ ဆိုနိုင်​သွားခဲ့ပြီ....

သီချင်းအဆုံး မျက်​လုံး​​တွေ ပြန်​ဖွင့်​လိုက်​​တဲ့အခါမှာ စင်​​ထက်​က မီးက ကျွန်​မရဲ့ ​မျက်​နှာတည့်​တည့်​ဆီ အလင်းဖြာကျလို့... လူ​တွေအများကြီး လက်​ခုပ်​တီး​နေတယ်။ ဟုတ်​တယ်​... ကျွန်​မ နားကြားမှားတာ၊ အမြင်​မှားတာ မဟုတ်​ပါဘူး။ သူတို့တကယ့်​ကို လက်​ခုပ်​တီး​နေကြတာ။ ​ကျောင်းသား​ကျောင်းသူ​တွေ... ဆရာဆရာမအချို့...

မျက်​ရည်​ကျ​တော့မတတ်​ ဖြစ်​​နေတဲ့ မျက်​​တောင်​ကို ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ရင်း ​သံစဉ်​လှလှနှင့်​ စာသားလှလှကို ​ရေးဆွဲ​ပေးခဲ့သည့်​ ချန်း​ညောနှင့်​ ဘတ်​ခ်​ဟျွန်းကို ​စိတ်​ထဲက​နေပဲ ​ကျေးဇူးတင်​လိုက်​မိသည်​။

"ခဏ​လေးပါ။ ခဏ​လောက်​"

ရုတ်​တရတ်​ စီခနဲထွက်​လာသည့်​ Baekhyun အသံ​ကြောင့်​ ကျွန်​မလှည့်​ကြည့်​မိ​တော့ ကိုယ်​​​တော်​​ချောက နီးစပ်​ရာမိုက်​ကိုဆွဲကာ ​အော်​လိုက်​ခြင်းပင်​။ ကျွန်​မကိုပင်​ မ​ပြောထားသည်​မို့ ခဏတာ ​ကြောင်​​တောင်​​တောင်​ ဖြစ်​သွားမိသည်​။

"နာဘီရှီ။ ကျွန်​​တော်​​ပြောစရာရှိလို့ပါ"

Baekhyun က မိုက်​ကို ​စန္ဒရား​ပေါ်တင်​ကာ ကျွန်​မဆီ ​လျှောက်​လာသည်​။ သူ့လက်​ထဲမှာ​တော့ ကျွန်​မကို သူ​ပေးထားခဲ့သည့်​ နှင်းဖန်​လုံး​လေး။ "ဒီ​နေ့သီချင်းဆိုမှာဆို​တော့ ယူဖြစ်​​အောင်​ ယူခဲ့ပါ​နော်​" ဆိုသည့်​ ​ကြောင်​​တောင်​​တောင်​စကားကို ပြန်​သတိရလာမိသည်​။ သူဘာလုပ်​မလို့ပါလိမ့်​...

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Tahanan ng mga kuwento. Tumuklas ngayon